ပခုက္ကူဈေးကွက်တွင် ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးကြသော သင်္ဘောသီးမှည့်ဈေးနှုန်း အခြေအနေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ရောင်းချနေသော သင်္ဘောသီးများသည် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသမှ အများဆုံးဝင်ရောက်ပြီး ပခုက္ကူခရိုင်အတွင်းရှိ ရေဝင်/ရေထွက်ကောင်းမွန်သော ယာမြေများနှင့်အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ကျေးရွာများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ခြံစိုက်ခင်းများမှ နေ့စဉ် လတ်လတ် ဆတ်ဆတ်လာ ရောက် ရောင်းချကြသည်။
သင်္ဘောသီးစားသုံးခြင်း၏ အကျိုးကျေးဇူးများမှာ ဗီတာမင်(C)၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ် များ ကြွယ်ဝစွာ ပါဝင်ပြီး ဝမ်းမှန်စေခြင်း၊ အစာခြေစနစ် ကောင်းမွန်စေခြင်းနှင့် အသားအရေ လှပစေခြင်း၊ မျက်စိအမြင်အာရုံကို ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း၊ ကင်ဆာ ရောဂါအန္တရာယ်ကို လျော့ကျနိုင်သည့် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ခြင်းကြောင့် လူအများ ကြိုက်နှစ်သက်စွာ စားသုံးသည့်သီးနှံဖြစ်၍ ရောင်းအားကောင်းလျက်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ရောင်းချနေသော သင်္ဘောသီးမှည့် ဈေး နှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်လ(စက်တင်ဘာ)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀)ခန့် ဈေး မြင့်တက်လာကို တွေ့ရပါသည်။ ဈေးနှုန်းမြင့်တက်ရခြင်းမှာ သယ်ယူပို့ဆောင်စရိတ်နှင့် စက်သုံး ဆီဈေးနှုန်း မြင့်တက် လာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ရာသီဥတုဒဏ်ကြောင့် ကုန်အဝင် နည်းခြင်း နှင့်သင်္ဘောသီးစိမ်းများကို ခြံမှခူးယူပြီး အမှည့်ခံရန်အတွက် သယ်ယူရာတွင် အသီးများ မပုပ်မပွ စေရန် ကောက်ရိုး သို့မဟုတ် စက္ကူများဖြင့် စနစ်တကျ ထုပ်ပိုးရသည့်အတွက် အစိမ်းထက်စာလျှင် အမှည့်သည် ကုန်ကျစရိတ်နှင့်အလေအလွင့် ပိုမိုများပြားသဖြင့် ဈေးတက်ရခြင်း ဖြစ်ကြောင်း သစ်သီး ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(မကွေး)

















