ပန်းတောင်းမြို့နယ်အတွင်းရှိ ဆီဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှ ဝန်ထမ်း များသည် မြို့နယ်ထွေအုပ်၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ဆင်တဲကျေးရွာများအတွင်းရှိ ဒေါ်ခင်မာတင် ဆီဆိုင်၊ ဒေါ်အေးအေးသန်း ဆီဆိုင်များနှင့် ဒေါ်စောမြ ဆီဆိုင်တို့အား ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား (၂၁.၉.၂၀၂၆)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် ဆီဆိုင်များမှ ရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)

















