ပြည်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၉.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ မြို့သစ်ဈေးအတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ထိပ်တန်းဆန်ဆိုင်အား သတ်မှတ်ဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်မြို့နယ်တာဝန်ခံမှ ပြည်မြို့နယ်၊ မြို့သစ်ဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ထိပ်တန်းဆန်ဆိုင်တွင် MRS မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချမှုနှင့် ပတ်သက်၍ စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထား ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ 

DOCA(ပဲခူး)