ပခုက္ကူမြို့ပေါ်ရှိဈေးများတွင် ရာသီစာမှိုအုန်းနက်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မဈေးကြီးအပါအဝင် ယာယီပျံကျဈေးများတွင် ရာသီစာမှိုအုန်းနက်များ လာရောက်ရောင်းချနေကြရာ ဝယ်ယူစားသုံးသူများပြားပြီး ရောင်းအားကောင်း လျက်ရှိကြောင်း သိရပါသည်။

ပခုက္ကူမြို့နယ်နှင့်အနီးပတ်ဝန်းကျင်ဒေသများရှိ တောတောင်များနှင့် တောင်ပို့များမှ သဘာဝအတိုင်းထွက်ရှိသော မှိုအုန်းနက်များကို ရှာဖွေတူးယူပြီး မြို့ပေါ်ရှိဈေးကွက်များအတွင်းသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ ၂၀၂၆ခုနှစ်၊အောက်တိုဘာလ(တတိယပတ်)တွင် အရည်အသွေးနှင့်အမျိုး အစားကိုလိုက်၍ မှိုအပွင့် တစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ အငုံ တစ်ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ အဖူး တစ်ပိဿာလျှင် ကျပ်(၄၅၀၀၀) ဈေးအသီးသီးဖြင့် ရောင်းချပြီး ကုန်ပစ္စည်းအဝင်အပေါ်မူတည်၍ ဈေးနှုန်း အတက်အကျရှိကြောင်း၊ လက်ရှိအချိန်၌ မှိုအုန်းနက်ထွက်သော ရာသီဖြစ်၍ စက်တင်ဘာလလယ်ပိုင်းမှ စတင်ကာ ရှာဖွေနှုတ်ယူပြီး မှိုဈေးတန်းတွင် လာရောက်ရောင်းချကြောင်း၊ မှိုအုန်းနက်များ လှိုင်လှိုင်ပေါ်နေသော အချိန်ဖြစ်၍ ယခင်တစ်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင်ကျပ်(၅၀၀၀)ခန့် ဈေးကျပြီး စားသုံးသူများ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြကြောင်း၊ မှိုရောင်းချသူများအနေဖြင့် လည်းရောင်းအားကောင်းလျက်ရှိပြီး တစ်နေ့လျှင် အကျိုးအမြတ် ကျပ်(၂၀၀၀၀-၃၀၀၀၀)ခန့်ကျန်ရှိကြောင်း မှိုရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)