မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းသည် ယခင်အပတ်အတွင်း ကုန်သည်များ ဈေးနှုန်း ပိုမိုရရှိကာအမြတ်ရရှိစေခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၂၆ ရက်နေ့တွင် အနိမ့်ဆုံး ဈေးနှုန်းဖြင့် ဈေးပိတ်ခဲ့သည်။ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလတွင် သင်္ဘောတင်ပို့ဆောင်ရမည့် စားအုန်း ဆီစာချုပ်များတွင် ဘာဆာ မလေးရှားကုန်စည်ဒိုင်၌ စားအုန်းဆီ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၇၉၃ (အမေရိကန်ဒေါ်လာ ၁,၁၇၅ ခန့်) ဖြစ်ပြီး ၂၄ ရင်းဂစ်၊ ရာခိုင်နှုန်းအားဖြင့် ၀.၅% ကျဆင်းသွားသည်။ မကြာသေးမီက စားအုန်းဆီဈေးနှုန်းများ မြင့်တက်ပြီးနောက် သတိထားရမည့် စျေးကွက်သဘောထား ကို ထင်ဟပ်စေသည့် အဓိက ကြိုပွိုင့်စာချုပ်များအားလုံးတွင် ဈေးနှုန်းကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင် ပိုမိုအားကောင်းသော မလေးရှားပို့ကုန်များသည် စျေးကွက်အတွက် အခြေခံ အထောက်အပံ့များကို ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်။ လွတ်လပ်သော ကုန်တင်စာရင်း ကောက်ယူသည့် အေဂျင်စီများဖြစ်သည့် AmSpec၊ SGS နှင့် Intertek တို့၏ ခန့်မှန်းချက်အရ မလေးရှား၏ စားအုန်းဆီတင်ပို့မှုသည် အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ၅၈.၅ % မှ ၇၈.၄% သို့ တိုးတက်လာခဲ့သည်။ အဆိုပါ စားအုန်းဆီပို့ကုန်တိုးတက်မှုသည် နိုင်ငံတကာ ဝယ်လို အား ပြန်လည်ဦးမော့လာမှုကို ညွှန်ပြနေပြီး သိုလှောင်ထားသော လက်ကျန်ဆီကို တဖြည်းဖြည်း လျှော့ချရန်အတွက် အခြေအနေများကို ဖန်တီးပေးသည်။ ရာသီအလိုက် ထုတ်လုပ်မှုဆိုင်ရာ ကျဆင်းမှု မျှော်မှန်းချက်များသည်လည်း ထပ်လောင်းပံ့ပိုးပေးနေသည်။ တစ်ချိန်တည်းမှာပင် ရေနံစိမ်း ဈေးနှုန်းမြင့်တက်လာခြင်းသည် စားအုန်းဆီအား ဇီဝဒီဇယ်ဆီထုတ်လုပ်မှုအတွက် ကုန်ကြမ်း အဖြစ် ပိုမိုဆွဲဆောင်မှုရှိစေနိုင်သည်။
တင်ပို့မှုအားကောင်းနေသော်လည်း မလေးရှားနိုင်ငံ၏ များပြားလှသော စားအုန်းဆီ လက်ကျန်များသည် နောက်ထပ်စျေးနှုန်းများ မြင့်တက်နိုင်ခြေကို ဆက်လက်ကန့်သတ်ထား သည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စားအုန်းဆီလက်ကျန် တန်ချိန် ၃.၅၁ သန်းရှိခဲ့ပြီး စျေးကွက် အပေါ် ဖိအားများဆက်လက်ဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းတွင် တရုတ်နှင့် အိန္ဒိယတို့မှ ဝယ်လိုအားသည် လက်ရှိပေါက်ဈေးနှုန်းကြောင့် သတိထားဝယ်ယူသည့်အခြေအနေ ဖြစ်ပေါ် လျက်ရှိသည်။ ဆီလက်ကျန်ပမာဏ လျှော့ချရန် အလားအလာသည် လာမည့်သီတင်းပတ်များ အတွင်း အမှန်တကယ် တင်ပို့မှုပမာဏအပေါ် မူတည်နေသော်လည်း စျေးကွက်တွင် ပါဝင်သူများ သည် ပါကစ္စတန်၊ အရှေ့အလယ်ပိုင်း၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့မှ နောက်ထပ်ဝယ်ယူမှုများ ကို မျှော်လင့်ထားကြောင်း သိရှိရသည်။
Bursa Malaysia တွင် အရောင်းအ၀ယ်လုပ်ဆောင်မှုသည် အောက်တိုဘာလ ၂၆ ရက် နေ့တွင် သိသိသာသာ ကျဆင်းသွားခဲ့သည်။ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလတွင် သင်္ဘောတင် ပို့ဆောင် ရမည့် ကြိုပွိုင့်စာချုပ်များအနေဖြင့် ၃၂,၁၂၅ ခုမှ ၂၁,၀၇၄ ခုသို့ကျဆင်းသွားကာ ကုန်သွယ်မှု ၃၄.၄ % ရှိခဲ့ ပြီး အရောင်းအဝယ်စာချုပ် မချုပ်ဆိုသေးသည့် ညှိနှိုင်းဆဲ ကြိုပွိုင့်စာချုပ်အရေအတွက်မှာ ၉၀,၂၅၄ ခု (၈.၉%) ကျဆင်းသွားသည်။ ကုန်သွယ်မှုပမာဏနှင့် ဈေးနှုန်းအဖွင့်အခြေအနေတို့ တစ်ပြိုင်နက်တည်း ကျဆင်းမှုသည် မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုအပြီးတွင် စျေးကွက်ပါဝင်မှု လျော့ကျလာ ခြင်းကို ထင်ဟပ်စေသည်။ အဆိုပါအခြေအနေသည် ဈေးနှုန်းမြင့်တက်ကာ အမြတ်အစွန်း ရယူ ခြင်းသည် ကြိုပွိုင့်စျေးနှုန်းရွေ့လျားမှုအပေါ် မသေချာမရေရာမှုများဖြစ်ပေါ်စေသည်။
ဈေးကွက်အခြေအနေ စောင့်ကြည့်လေ့လာသူများ၏ ခန့်မှန်းချက်အရ အနာဂတ်တွင် စားအုန်းဆီ တစ်တန်လျှင် ရင်းဂစ် ၄,၆၀၀ မှ ၄,၈၀၀ ထိ ဆက်လက်ဖြစ်ပေါ်နိုင်သည်။ အမြင့်ဆုံး ခန့်မှန်းချက် ဈေးနှုန်းထိ စံချိန်တင်မြင့်တက်နိုင်မှုသည် ယခင်မြင့်တက်ခဲ့သော ဈေးနှုန်းများ ပြန် လည်ရရှိရန် အခြေအနေများကို ဖန်တီးနိုင်သော်လည်း မလေးရှား၏ သိုလှောင်မှု ဆီလက်ကျန် ပမာဏမြင့်မားမှုနှင့် အဓိကတင်သွင်းသူများထံမှ သတိကြီးစွာ ဝယ်ယူမှုပြုလာခြင်းတို့က ဈေးနှုန်း မြင့်တက်စေမှုအပေါ် အကန့်အသတ်များဖြစ်ပေါ်နေဆဲဖြစ်သည်။
Source: UKr Agro Consult, 26 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)