၂၀၂၆ ခုနှစ် ပထမ ၈ လ၌ အိန္ဒိယ၏ ပဲစင်းငုံတင်သွင်းမှု ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့
အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံတင်သွင်းမှုမှာ ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း တန်ချိန် ၆.၂၅ သိန်း ထိရှိပြီး ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ်တွင် တန်ချိန် ၄.၃၄ သိန်း ရှိခဲ့ပါကြောင်း၊ လွန်ခဲ့သော နှစ်ပတ်အတွင်း ပဲစင်းငုံဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့သော်လည်း ၂၀၂၆ ခုနှစ် ပထမ ၈ လတွင် ပဲစင်းငုံတင်သွင်းမှုမှာ ၄၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း၊ အဓိကစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များ ဖြစ်ကြသော မဟာရက်ရှ်ထရာပြည်နယ်နှင့် ကာနာတာကာပြည်နယ်တို့ရှိ ဒေသတစ်ချို့ တွင် မိုးခေါင်မှုဖြစ်ပေါ်ခြင်းသည် ၂၀၂၆ မိုးသီးနှံအပေါ် သက်ရောက်မှု ရှိနိုင်သည့်အတွက် ယခုကဲ့သို့ တင်သွင်းမှုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိပ်တန်းကုန်သွယ်ရေးအဖွဲ့ဖြစ်သည့် အိန္ဒိယနိုင်ငံပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအဖွဲ့ (IPGA) မှ ကောက်ယူထားသော အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ပထမ ၈ လအတွင်း ပဲစင်းငုံ တင်သွင်းမှုမှာ တန်ချိန် ၆.၂၅ သိန်း ရှိပြီး ယခင်နှစ် ကာလတူအတွင်း တင်သွင်းမှုမှာ တန်ချိန် ၄.၃၄ သိန်း ရှိခဲ့ပါကြောင်း၊ ပဲစင်းငုံတင်သွင်းမှုအနေဖြင့် မြန်မာနိုင်ငံမှ ယခုနှစ် ပထမ ၈ လ အတွင်း တန်ချိန် ၁.၅၂၈ သိန်းကျော် ရှိခဲ့ပြီး မိုဇမ်ဘစ်နိုင်ငံမှ တန်ချိန် ၂.၂၉ သိန်းကျော်၊ တန်ဇန်းနီးယား နိုင်ငံမှ တန်ချိန် ၁.၁၀ သိန်း၊ ဆူဒန်နိုင်ငံမှ တန်ချိန် ၇၁,၈၀၈ သိန်းနှင့် အခြားနိုင်ငံများမှ တန်ချိန် ၆၁,၁၃၈ သိန်း စသည်ဖြင့် အသီသီးတင်သွင်းခဲ့ကြောင်း သိရှိရသည်။
IPGA ၏ အပတ်စဉ် နောက်ဆုံးရ ဈေးကွက်အချက်အလက်အရ ပြည်တွင်းမှထွက်သော ပဲစင်းငုံနှင့် တင်သွင်းသော ပဲစင်းငုံနှစ်မျိုးစလုံး၏ ဈေးနှုန်းများသည် အဓိက ပြည်တွင်းဈေးကွက် များ၌ နှစ်ပတ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံတင်သွင်းမှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၆.၂၅ သိန်းအထိ ရှိလာခဲ့ ကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ်ပတ်အတွင်း ပဲစင်းငုံဈေးနှုန်းများ အနည်းငယ် ကျဆင်းခဲ့သော် လည်း တင်သွင်းမှုပမာဏမှာ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တင်သွင်းမှု မြင့်တက်လာခြင်းသည် ပဲစင်းငုံအဓိကစိုက်ပျိုးထုတ်လုပ်သည့် မဟာရက်ရှ်ထရာနှင့် ကာနာတာကာ ပြည်နယ်များရှိ ဒေသအချို့တွင် မိုးခေါင်ရေရှားမှု ဖြစ်ပေါ်နေခြင်းကြောင့် ၂၀၂၆ ခုနှစ် မိုးရာသီ သီးနှံအထွက်နှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်သည့် စိုးရိမ်မှုများနှင့်လည်း ဆက်စပ်လျက်ရှိသည်။
ဆက်လက်၍ IPGA က မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတန်ဖိုးနှင့်သယ်ယူစရိတ် (CNF) ဈေးနှုန်းများ လျော့ချခြင်း၊ ရူပီးငွေတန်ဖိုး မြင့်တက်လာခြင်း၊ ဝယ်လိုအားနည်းခြင်းနှင့် ငွေကြေးစီးဆင်းမှု စီးနိုင်စွမ်းနည်းပါးခြင်းတို့ကြောင့် ဝယ်ယူမှုများ ဆက်လက်ငြိမ်သက်ခဲ့ကြောင်း ပွဲတော်ရာသီ အတွက် ဝယ်လိုအားအများစုမှာ ဝယ်ယူမှုပြီးစီးသွားခဲ့ပြီး ပဲခြမ်းဈေးနှုန်းများ ကျဆင်းခြင်းက ပဲခွဲစက်များမှ ပဲစင်းငုံကုန်ကြမ်း ဝယ်ယူမည့် ဈေးနှုန်းများကို တိုးမြှင့်ပေးရန် ကန့်သတ်ချက်များ ရှိခြင်းနှင့် ဝယ်ယူမှုမှာ လိုအပ်သလောက်သာ ဝယ်ယူသည့် အနေအထားတွင်ပင် ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ သို့သော်လည်း မိုးသီးနှံထွက်ရှိမှု လျော့နည်းလာခြင်း၊ မဟာရက်ရှ်ထရာနှင့် တောင်ပိုင်းပြည်နယ်တွင် မိုးခေါင်မှုအခြေအနေဆိုးရွားလာခြင်းနှင့် အာဖရိကမှ တင်သွင်းမှုမှာ မျှော်မှန်းထားသည်ထက် နည်းပါးခြင်းတို့ကြောင့် ရောင်းဝယ်မှုဖိအားမှာ အကန့်အသတ်ရှိနေဆဲ ဖြစ်ကြောင်း၊ လာမည့်ရာသီတွင် ဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဟု မျှော်မှန်းချက်များကြောင့် သိုလှောင်သူများနှင့် ကုန်သည်များသည် အပြိုင်အဆိုင် ရောင်းချခြင်း မပြုကြကြောင်း ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
IPGA မှ စုဆောင်းရရှိသော အချက်အလက်များအရ ဂူလ်ဘာဂါမြို့နှင့် အာကိုလာမြို့ ကဲ့သို့သော ဈေးကွက်များတွင် ပဲစင်းငုံပဲခြမ်း ဈေးနှုန်းများသည် တစ်ပတ်အတွင်း ၁ ကွင်တယ်လျှင် ရူပီး ၂၀၀ မှ ၃၀၀ ခန့် ကျဆင်းခဲ့ကြောင်း၊ မွန်ဘိုင်းတွင် အာဖရိကပဲစင်းငုံဈေးနှုန်းမှာ တင်သွင်းသည့်နိုင်ငံများအပေါ် မူတည်၍ ၁ ကွင်တယ်လျှင် ရူပီး ၅၀ မှ ၁၅၀ ခန့် အနည်းငယ် လျော့ကျခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် မိုးခေါင်မှုကြုံတွေ့နေရသည့် ကာနာတာကာပြည်နယ်ရှိ အဓိက စိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်သည့် ကာလာဘူရဂီမြို့မှ စိုက်ပျိုးသူတောင်သူများသည် စိုက်ပျိုးထားပြီးသော သီးနှံများကို ရှင်သန်ကြီးထွားရန်အတွက် မိုးရွာသွန်းရန် စောင့်မျှော်လျက်ရှိကြကြောင်း၊ လက်ရှိစိုက်ပျိုးထားသည့် ပဲစင်းငုံပင်များ ပြန်လည်ရှင်သန်လာရန်အတွက် အနည်းဆုံး မိုးတစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့် ရွာသွန်းရန် လိုအပ်ကြောင်း ကာလာဘူရဂီမြို့မှ စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် မိုးရာသီအတွင်း ပဲစင်းငုံ စိုက်ပျိုးဧရိယာမှာ ဟက်တာ ၄၇.၂၅ သိန်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင် ဟက်တာ ၄၅.၉၅ သိန်းရှိ၍ ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Source: THE HINDU Business Line, 26 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















