ပေါက်မြို့နယ်၌ ခရမ်းချဉ်စိုက်တောင်သူများ၏စိုက်ပျိုးထွက်ရှိမှုနှင့် အသားတင်အကျိုးအမြတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်သည်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထား၍လုပ်ကိုင်လျက်ရှိပါသည်။ အနီးပတ်ဝန်းကျင်ရှိကျေးရွာများဖြစ်သော အင်းတော၊ သရက်တော၊ စမ်းရေခုံ၊ လင်ထောင်ကျေးရွာများ၌ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကို ဝင်ငွေအပိုရရှိရန် တပိုင်တနိုင် စိုက်ပျိုးသည်ကိုတွေ့ရပါသည်။ တိုင်ထောင်ခရမ်းချဉ်ကို မေလလယ်မှ စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် သီးနှံများစတင်ခူးဆွတ်ရကြောင်း သိရပါသည်။ တစ်ဧကလျှင် ခရမ်းချဉ်အပင်ရေ (၅၀၀၀ မှ ၆၀၀၀)အထိ ဝင်ဆံ့ကြောင်း၊ ခရမ်းချဉ်တစ်ပင်လျှင် အသီး (၂)ပိဿာ မှ (၂.၅)ပိဿာ ထွက်ရှိ ကြောင်း၊တစ်ပိဿာကို စတင်ခူးဆွတ်ချိန်မှရိတ်သိမ်းချိန်အထိ ပျမ်းမျှ တွက်ချက်ပါက ကျပ်(၇၀၀၀) နှုန်း ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ပေါက်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်မှ ရွာများသို့ ရောင်းချရကြောင်း သိရှိရပါသည်။

မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ အပင်ပြုပြင်ခြင်း၊ တိုင်ထောင်ခြင်း၊ တန်းပစ်ခြင်း၊ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊အသီးအပွင့်အားဆေး၊ ရေသွင်းခြင်း၊ခူးဆွတ်ခြင်းတို့ကို တွက်ချက်ပါက(၁)ဧကလျှင် ကျပ်သိန်း(၄၀)နီးပါး ကုန်ကျပြီးပိဿာချိန်(၁၅၀၀၀)ခန့် ထွက်ရှိကြောင်း၊ (၁)ဧကလျှင် အသားတင်အကျိုးအမြတ်မှာ ကျပ်သိန်း(၆၀)ကျော်အထိကျန်ရှိကြောင်း သရက်တောကျေးရွာမှ ခရမ်းချဉ် စိုက်တောင်သူ ဦးဖိုးတုတ်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)