ပင်လယ်ပြင်ကို အခြေခံသည့် မြိတ်ဒေသ၏ ရေလုပ်ငန်းနှင့် ရေထွက်ကုန်ကဏ္ဍ
မြိတ်ဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းများအနက် ရေလုပ်ငန်းနှင့် ရေထွက်ကုန်ထုတ်လုပ်မှု လုပ်ငန်းသည် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ ဒေသ၏ ပင်လယ်ပြင်၊ ကမ်းရိုးတန်းနှင့် ကျွန်းစု များကို အခြေခံ၍ ငါး၊ ပုစွန်၊ ကဏန်း၊ ပြည်ကြီးငါးနှင့် အခြားရေထွက်ကုန်များကို ဖမ်းဆီးရရှိခြင်း၊ မွေးမြူခြင်း၊ စုဆောင်းခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်သို့တင်ပို့ရောင်းချခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။ ရေလုပ်ငန်းသည် ပင်လယ်ပြင်တွင် ငါးဖမ်းဆီးသူများအတွက်သာမက ငါးနှင့်ရေထွက် ကုန်များကို ကမ်းတက်လက်ခံသူများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ရေခဲစက်လုပ်ငန်းရှင် များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ အအေးခန်းသိုလှောင်ရေးလုပ်ငန်းများနှင့် ရေထွက်ကုန် ပြုပြင် ထုတ်လုပ်သူများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိသည်။ အထူးသဖြင့် ရေ ထွက်ကုန်များကို လတ်ဆတ်မှုမပျက်စေရန် ရေခဲအသုံးပြုခြင်း၊ အအေးခန်းစနစ်ဖြင့် သိုလှောင် ခြင်း၊ သန့်ရှင်းစွာခွဲခြားထုပ်ပိုးခြင်းနှင့် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ထုတ်လုပ် ခြင်းတို့သည် ဈေးကွက်တန်ဖိုးမြှင့်တင်ရေးအတွက်အရေးပါသည်။ ထို့အပြင် ရေထွက်ကုန်များကို ကုန် ကြမ်းအဖြစ်သာ ရောင်းချခြင်းထက် အခြောက်ခံခြင်း၊ အငန်ပြုလုပ်ခြင်း၊ အေးခဲထုပ်ပိုးခြင်းနှင့် စားသုံး ရန်အသင့်ဖြစ်သော ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ကုန်ပစ္စည်းတန်ဖိုး ပိုမိုမြင့်မားလာ နိုင်သကဲ့သို့ ဒေသတွင်းအသေးစားထုတ်လုပ်သူများများအတွက်လည်း အကျိုးအမြတ်ရရှိနိုင်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများလည်း တစ်ဖက်တစ်လမ်းမှ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)

















