မြိတ်တွင် ရေကျင်ငယ်(ငါးလသား)ငါးများ စျေးနှုန်းအဆမတန်မြင့်တက်

 ရေကျင်ငယ်ငါးသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော မြိတ်နှင့် ကော့သောင်းဒေသများတွင် အများဆုံးဖမ်းစီးရမိပြီး "လသာငါး" ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ရေကျင်ငယ်(ငါးလသား)ငါးများကို ပင်လယ်ကမ်းရိုးတန်းအနီးတွင်သာမက ကမ်းဝေးများတွင်ပါဖမ်းဆီး ရမိကြပြီး စျေးများတွင်သာ ရောင်းချလျက်ရှိကြပါသည်။ ယခင်က ရေကျင်ငယ်ငါး ဖမ်းဆီးရမိခဲ့ပါက ငါးများကို ဆီဖြင့်ဖြစ်စေ၊ အကြော်မုန့်ဖြင့် တွဲလျက်ကြော်စားကြပြီး ခွဲ၍အခြောက်လှမ်းပြီး ရေကျင်ငယ် (ငါးလသား)ငါးခြောက်များ ပြုလုပ်၍ဖြစ်စေ စတင်ရောင်းချခဲ့ကြပါသည်။  စျေးကွက်တွင် ရေကျင်ငယ်ငါး ခြောက်ကြော်များ စတင်ထုတ်လုပ်ရောင်းချလာရာမှ ယနေ့ စျေးကွက်တွင် စျေးနှုန်းကောင်းမွန်လာပြီး ငါးစျေးနှုန်း အဆမတန်မြင့်တက်လာကြောင်းသိရှိရပါသည်။

ရေကျင်ငယ်ငါးစျေးကွက်အရ ယခင်က တစ်လက်မခွဲခန့်ရှိ ရေကျင်ငယ်ငါးခြောက် တစ်ပိဿာ ၃၀၀၀၀ ကျပ်ခန့်သာရှိခဲ့ပြီး ယခုအောက်တိုဘာလတွင် တစ်လက်မခွဲခန့်ရှိရေကျင်ငယ်ငါးခြောက် တစ် ပိဿာ ၉၀၀၀၀ ကျပ်ခန့်စျေးရရှိနေကြောင်းသိရှိရပါသည်။ တစ်လက်မခွဲခန့်ရှိရေကျင်ငယ်ငါး တစ်ပိဿာ ၁၅၀၀၀ ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)