တနင်္သာရီတိုင်း၊ မြိတ်ဒေသရှိ ဒေသတွင်းကွမ်းသီးစျေးနှုန်းစျေးကွက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အဓိကပို့ကုန်တစ်မျိုးဖြစ်သောကွမ်းသီးကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ်များသို့လည်း ရောင်းချ လျက်ရှိပါသည်။ ဒေသတွင်းကွမ်းသီးကို ကွမ်းသီးနု၊ ကွမ်းသီးနုပြုတ်ခြောက်၊ အလုံး၊ ခွဲခြမ်းများဖြင့် တင်ပို့ ရောင်းချလျက်ရှိရာမှ စက်တင်ဘာလအတွင်း ကွမ်းသီးအနုတင်ပို့ခြင်းနည်းပြီး ကွမ်းသီးပြုတ်ခြောက် များတင်ပို့မှုများလာခဲ့ကြကြောင်း ကွမ်းသီးလုပ်ငန်းရှင်၏ ပြောဆိုချက်အရသိရှိရပါသည်။ ယခုအခါ ကွမ်း သီးနုများ ရာသီဥတုကြောင့် အနည်းငယ်ရင့်မှည့်လာခဲ့ပြီး ကွမ်းသီးနုပြုတ်ခြောက်ပြုလုပ်တင်ပို့ခြင်း နည်း ပါးလာကြောင်းသိရှိရပါသည်။ ကွမ်းသီးအလုံးနှင့်၊ ခွဲခြမ်းများပုံမှန်တင်ပို့နေကြသော်လည်း ယခင်နှစ် ကထက် ယခုနှစ်တွင် စျေးနှုန်းကျဆင်းကြောင်းသိရှိရပါသည်။
ယခင်နှစ်က ကွမ်းသီးစျေးနှုန်း ၁၇၀၀၀ ကျပ်ခန့်ထိ စျေးပေါက်နေချိန် ယခုနှစ်တွင် ကွမ်းသီး စျေးနှုန်း ၁၄၀၀၀ ကျပ်ခန့်ထိသာစျေးရရှိလျက်ရှိသည်။ ၂၀၂၆ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလ ကွမ်းသီးစျေးနှုန်းနှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ကွမ်းသီးအလုံးစျေးနှုန်း ၉၀၀၀ ကျပ် ခန့်၊ ကွမ်းသီး ခွဲခြမ်းမှာ ၈၀၀၀ ကျပ်ခန်နှင့် ကွမ်းသီးနုစျေးနှုန်း ၅၅၀၀ ကျပ်ခန့် ရရှိချိန်တွင် ယခုအောက်တိုဘာလတွင် ကွမ်းသီးအလုံးစျေးနှုန်း ၁၄၀၀၀ ကျပ်ခန့် ကွမ်းသီးခွဲခြမ်းမှာ ၁၀၀၀၀ ကျပ်ခန့်နှင့် ကွမ်းသီးနုစျေးနှုန်း ၅၅၀၀ ကျပ်ခန့်ရှိပြီး ကွမ်းသီးအလုံးနှင့်ခွဲခြမ်းမှာ အနည်းငယ်စျေးမြင့်လာသော်လည်း ကွမ်းသီးနုစျေးနှုန်း များ တည်ငြိမ်လျက်ရှိနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)

















