Languages

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ ဒုတိယအကြိမ် ၂/၂၀၂၀ အစည်းအဝေးကျင်းပခြင်း

Powered by Drupal

ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ဧရာတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ဒုတိယအကြိမ် ၂/၂၀၂၀ အစည်းအဝေးကို ၃.၃.၂၀၂၀ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ ဦးဌေးဝင်း၊ ဒုက္ကဌ ဦးဝင်းမြင့်၊ တိုင်းဦးစီးမှူး အတွင်းရေးမှူး ဦးစိုးအောင် စားသုံးသူရေးရာကော်မတီဝင်များ၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲမှူးများ စုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဥက္ကဌ ဦးဌေးဝင်းက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်၍ ကုန်ပစ္စည်းအမျိုးအစားအလိုက်  ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ လိုက်နာဆောင် ရွွက်ခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးသူနှင့်လုပ်ငန်းရှင်များကို ပညာပေးခြင်း၊ တိုင်ကြားမှုနှင့် ဈေးကွက် စစ်ဆေးခြင်းများမှ ဥပဒေပြဌာန်းချက် ဖောက်ဖျက်ကျူးလွန်ခြင်း စိစစ်တွေ့ရှိပါက တိုင်းဦးစီး မှူးမှ အရေးယူခြင်း၊ ကော်မတီမှ အရေးယူခြင်းအပြင် လိုအပ်ပါက ကော်မရှင် သို့တင်ပြ၍ အရေးယူဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအသစ်အရ ပစ္စည်း အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ (၂၈.၂.၂၀၂၀) ရက်နေ့အထိ ခရိုင်/မြို့နယ် ဒေသ ထွက်ကုန်များအပေါ် ကုန်အညွှန်းအမှတ်အသား ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ ကုန်အမှတ် တံဆိပ် (၄၂၉) ခု ခွင့်ပြုချက်ကျပြီး (၁၄၉) ခုမှာ စိစစ် ဆောင်ရွက်ထားသည်ကို သိရှိခဲ့ရကြောင်း၊ ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာ ဖြင့်ဖော်ပြပေးခြင်းဖြင့် စားသုံးသူပြည်သူများ မှ ဖတ်ရှုနားလည်၍ ဝယ်ယူသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အပြည့်အဝ ခံစားခွင့် ရမှာဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများကို ပြည်သူအားလုံးသိရှိစေရန် အသိပညာပေး မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ဖို့ ကော်မတီအဖွဲ့ဝင်များကို တိုက်တွန်းအပ်ပါကြောင်း ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ခြင်းဖြစ်လို့ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက စားသုံးသူကာကွယ်ရေး လုပ်ငန်းများ သည် အောင်မြင်သော လုပ်ငန်းစဉ်ကြီးတစ်ရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          တိုင်းဒေသကြီးဦးစီးမှူး အတွင်းရေးမှူး ဦးစိုးအောင်က အမှာစာ (၅) စောင် နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်သူများမှ အမှာစာတင်ပြဆောင်ရွက်မှုနှင့် ပတ်သက်၍ နေရာစဉ်အလိုက် တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိ သူများမှ ဖြည့်စွက်ဆွေးနွေး၍ ဥက္ကဌ မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လည် (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန