Languages

ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၆.၈.၂၀၂၀) ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေ သော သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ငါးဖယ်ချဉ်၊ ပုဇွန်ချဉ်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝနခံ ဦးအောင်သိုက်(လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင် များမှ ပြန်လည်မေးမြန်းမှုများကို တိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်း

စားသုံးသူရေးရာဦးစီးဌာန