Languages

စားသုံးသူအခွင့်အရေးနှင့်လုံခြုံစိတ်ချရသော အစားအသောက်များရရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများခေါင်းစဉ်ဖြင့်အသိပညာဆွေးနွေးခြင်း

Powered by Drupal

ရခိုင်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁၄-၈-၂၀၂၀)နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင် ဦးစီးမှူး၊ CICC တာဝန်ခံ၊ ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာခွဲတာဝန်ခံ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့မှ “စားသုံးသူများမိမိတို့ရရှိနိုင်သည့်အခွင့်အရေးများကို သိရှိပြီး တောင်းဆိုလာတတ်စေရန်နှင့် လုံခြုံစိတ်ချရသော အစားအသောက်များရရှိစေရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုသိရှိပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ ပတ်ဝန်းကျင်တို့၌ အသိပညာများ တဆင့်ပြန်လည်ဖြန့်ဝေပေးနိုင်ရန်” ရည်ရွယ်ချက်ဖြင့် စစ်တွေအခြေစိုက် Scholar Institute မှ စီမံကိန်းအရာရှိဦးဆောင်သောအဖွဲ့နှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

၎င်းဆွေးနွေးပွဲတွင် စစ်တွေခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုဝယ်ယူသုံးစွဲရာတွင်  ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းကိုများကိုသာ ဝယ်ယူသုံးစွဲကြရန် အသိပညာပေး ဆွေးနွေးခြင်း၊ CICC တာဝန်ခံမှ ကုန်စည်နှင့်ဝန်ဆောင်မှုဝယ်ယူသုံးစွဲခြင်းကြောင့် စားသုံးသူ နစ်နာဆုံးရှုံးမှု များရှိပါက တိုင်ကြားနိုင်သည့် “စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ” (CICC)ဖွင့်လှစ်ထားရှိမှုနှင့် ရခိုင်ပြည်နယ် CICC အနေဖြင့် တိုင်ကြားမှု များအား ဖြေရှင်းဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ် ဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ကမ္ဘာ့ကပ် ရောဂါ Covid 19 ကာလအတွင်း အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများအား ဈေးနှုန်း မြှင့်တင်ရောင်းချမှုများရှိပါက ဥပဒေအရအရေးယူဆောင်ရွက်နိုင်ကြောင်း သိရှိစေရန် ပြောကြားခြင်း၊ Scholar Institute အဖွဲ့မှ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းများ အပေါ် သက်ဆိုင်ရာ တာဝန်ခံများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၅:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ရခိုင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန