Languages

ကျိုက်မရောမြို့နယ်အတွင်းရှိ စားသောက်ဆိုင်/လက်ဘက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မ​ရောမြို့နယ်၊ မြို့​ပေါ်ရပ်ကွက်များ​ရှိ ထမင်းဆိုင်၊စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ဆုံဆိုင်များတွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် လိုက်လံစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။

        ထိုသို့စစ်​ဆေးရာတွင် စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ​တွင် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီ လက်​ဆေးရန် ​ဘေစင်များ ရှိ/မရှိ၊ စား​သုံးသူနှင့်စား​သောက်ဆိုင်ပိုင်ရှင်များမှာ နှာ​ခေါင်းစည်းတပ်ဆင်ထားခြင်း ရှိ/မရှိ၊ တစ်ဦးနှင့် တစ်ဦး ၆ပေ အကွာတွင် ထားရှိခြင်းရှိ/မရှိနှင့် လက်သန့်​ဆေးများ ထားရှိခြင်းရှိ/မရှိတို့ကို ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့များမှ လိုက်လံစစ်​ဆေးခဲ့ကြပြီး ညွှန်ကြားချက်များနှင့်အညီ လုပ်​ဆောင်မှုမရှိသည့် ဆိုင်ပိုင်ရှင်များအား ပထမအကြိမ် ဝန်ခံကတိလက်မှတ်​ရေးထိုး​စေခြင်းများကို ​ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရသည်။

မွန်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန