Languages

သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   (၁၉-၈-၂၀၂၀) ရက်နေ့နှင့် (၂၀-၈-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ သနပ်ခါးအမည်ခံအလှကုန်များတွင် စာသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စေျးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စေျးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများ၌ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော( ၂/၂၀၁၉ ) ညွှန်ကြားချက်ပါ အလှကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ( ၁၀ ဂရမ် )အထက် အလှကုန်ပစ္စည်းများတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များကို  မြန်မာဘာသာ (သို့) မြန်မာဘာသာနှင့် အခြားဘာသာယှဉ်တွဲဖော်ပြထားခြင်း ရှိ/မရှိ ကိုလည်းကောင်း၊ ( ၁၀ ဂရမ် ) အောက် အလှကုန်ပစ္စည်းများတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာ (သို့) မြန်မာဘာသာနှင့်အခြားဘာသာယှဉ်တွဲဖော်ပြထားခြင်း ရှိ/မရှိကိုလည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန