၁.၁၀.၂၀၂၀ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ ပူးပေါင်းအဖွဲ့သည် ၂၀၂၀ပြည့်နှစ် ဇူလှိုင်လအတွင်း Mobile Lab Van ဖြင့် ဈေးကွက်နမူနာ ကောက်ယူခဲ့သော လှည်းယဉ်အမှတ်တံဆိပ် တော်ဖီ (mfg date-May 2020 to Exp date April 2021)တွင် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း ဓါတ်ခွဲ စစ်ဆေးတွေ့ရှိချက်အဖြေ အကြောင်းပြန်ကြားလာသည့်အတွက် ဗန်းမော်မြို့ဈေးကွက်အတွင်း အဆိုပါ ကုန်ပစ္စည်းများအား ရောင်းချနေမှု ရှိ/မရှိ စိစစ်သိမ်းဆည်းခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်