၉.၁၁.၂၀၂၀ ရက်နေ့မှ ၁၀.၁၁.၂၀၂၀ ရက်နေ့ထိ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ ဗန်းမော်မြို့ မင်းကုန်းရပ်ကွက် ၊အလယ်ရပ်ကွက်၊ ညောင်ပင်ရပ်ကွက်ရှိ ဆေးဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင် စသည့် ဆိုင် (၉)ဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် မိခင်နို့အစားထိုး စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် FDAမှ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ကချင်ပြည်နယ်