Sim Card ဖျက်သိမ်းခံရမှုနှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Sim Card (၀၉ xxxxxxx) နှင့် (၀၉ xxxxxxx) တို့အား စာချုပ် စာတမ်းဖြင့် ဝယ်ယူထားသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အပြီးဖျက်သိမ်းကြောင်း အကြောင်းကြားလာသဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင် ပါရန် တိုင်ကြားလာခြင်းအပေါ် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းက တိုင်ကြားမှုနှင့်ပတ်သက်၍ စိစစ်ချက်များ ပြုလုပ်ခဲ့ပြီးနောက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ၃၀-၁၂-၂၀၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားရှိသော ဆင်းကဒ် သက်တမ်း (SIM Life Cycle) အရ ဆင်းကဒ်တစ်ခု၏ သက်တမ်းမှာ ဖုန်းငွေနောက်ဆုံး ဖြည့်သွင်း သည့်ရက်မှ (၃၆၅) ရက်အထိသာရှိကြောင်း၊ ဖုန်းငွေဖြည့်မှု ထပ်မံမပြုလုပ်ပါက One-way Block အဆင့်သို့ လည်းကောင်း၊ ရက်(၃၀)အတွင်း ဖုန်းငွေ ဖြည့်သွင်းမှု မပြုလုပ်ပါက Two-way Block အဆင့်သို့လည်း ကောင်း၊ ယင်းမှရက် (၆၀) အကြာတွင် Cooling အဆင့်သို့လည်းကောင်း၊  ယင်းမှရက်(၆၀) အကြာတွင် အပြီးတိုင် ပယ်ဖျက်သည့် အဆင့်သို့လည်းကောင်း အလိုအလျောက် ရောက်ရှိ မည်ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ အော်ပရေတာများသို့ ညွှန်ကြားထားသည့် ဆင်းကဒ်သက်တမ်း (SIM Life Cycle) နှင့် ပတ်သက်သည်များကို သုံးစွဲသူများ သိရှိနားလည်စေရန် ၉-၁-၂၀၂၀ ရက်နေ့ကတည်းကပင် သက်ဆိုင်ရာ Operater ၏ တရားဝင် Website တွင် ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်သကဲ့သို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင် Website တွင်လည်းကြေညာထားပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သက်ဆိုင်ရာဌာနမှ စိစစ်ချက်များအရ ဖုန်းနံပါတ် ၀၉-xxxxxxx သည် နောက်ဆုံးဖုန်း ငွေဖြည့်သွင်းမှုကို ၂၈-၁-၂၀၂၀ ရက်နေ့နှင့် ဖုန်းသုံးစွဲမှုကို ၂၄-၆-၂၀၂၀ ရက်နေ့တို့တွင်လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-xxxxxxx သည် နောက်ဆုံးဖုန်းငွေဖြည့်သွင်းမှုကို ၉-၇-၂၀၂၀ ရက်နေ့နှင့် ဖုန်းသုံးစွဲမှုကို ၂-၆-၂၀၂၀ ရက်နေ့တို့တွင်လည်းကောင်း အသီးသီးပြုလုပ်ထားရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ SIM Life Cycle သက်တမ်းအရ ဆင်းကဒ်များကို အလိုအလျောက် ပယ်ဖျက်ရခြင်းဖြစ်ပါကြောင်း စသည့် Sim Card  အပိတ်ခံရသည့် အကြောင်း ရင်းများကိုလည်း တိုင်ကြားသူထံ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အကြောင်းပြန်ကြားလာမှုအား တိုင်ကြားသူသို့ ဆက်သွယ်ရှင်းလင်းရာ ကျေနပ်မှုရှိပါသောကြောင့် ၂၅-၄-၂၀၂၃ ရက်နေ့တွင် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)