Monthly Archive Page

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် Wifi ကုမ္ပဏီတစ်ခုမှ Internet ftth 20 Mbps အား (၃)လစာ ငွေကျပ် ၇၅,၀၀၀/-ဖြင့် ယူထားသော်လည်း 4 Mbps သာတက်ခြင်း၊ Call Center သို့ ၁၇-၃-၂၀၂၆ ရက်နေ့တွင် ပြောကြားရာ စက်အား ဖွင့်လိုက်/ ပိတ်လိုက် လုပ်ရန်ပြောကြားသော်လည်း အဆင်ပြေမှုမရှိပါသဖြင့် စား သုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။

      ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ တိုင် ကြားသူ တစ်ဦးသည် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ App မှ Flexi Card  အား ငွေကျပ် ၃၅,၀၀၀/- ဖြင့် ဝယ်ယူခဲ့ရာ ပေးပို့လာခြင်း မရှိသောကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် သွားဆေးခန်းတစ်ခုတွင် အံကပ်နှင့် သွားအစွပ် ပြုလုပ်ရာ ကျသင့်ငွေကျပ် ၁၇,၅၀၀,၀၀၀/- တွင် စရံငွေကျပ် ၅,၀၀၀,၀၀၀/- ပေးအပ်ပြီးနောက် အခြားဆေးခန်းများတွင် ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးနှုန်းများ အဆမတန်ကွာခြားမှုရှိနေသောကြောင့် အံကပ်နှင့် သွားအစွပ်ပြုလုပ်လိုခြင်းမရှိသဖြင့် စရံငွေပေး အပ်ထားသည့်အတွင်းမှ စမ်းသပ်ခနှုတ်ယူ၍ ကျန်ငွေများအား ပြန်လည်ရယူလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင် ကြားလာပါသည်။

          မော်လမြိုင်မြို့တွင် နေထိုင်သူ စားသုံးသူတစ်ဦးက Wifi ကုမ္ပဏီတစ်ခုထံမှ Wifi ၆ လစာ စာချုပ်ချုပ်၍ အသုံးပြုလျက်ရှိရာ အဆိုပါ Wifi မှာ (၃.၆.၂၀၂၆) ရက်နေ့မှစ၍ (၃၀.၆.၂၀၂၆) ရက်နေ့အထိ ပြတ်တောက်နေသော်လည်း လာရောက်ဖြေရှင်းပေးမှုမရှိခြင်း၊ ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ခြင်း၊ ရုံးသို့သွားရောက် မေးမြန်းသော်လည်း တိကျသေချာစွာ ဖြေရှင်းပေးမှု မရှိခြင်းတို့ကြောင့် ကျေနပ်မှုမရှိပါ၍ ဖြေရှင်းပေးပါရန်

      စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့မှ တိုင်ကြားသူ သည် မန္တလေးမြို့ရှိ ကားပစ္စည်းနှင့်ထွန်စက်ပစ္စည်းဆိုင်မှ ပစ္စည်းများကို ကျပ်သိန်း (၃၇၀)ကျော်ဖိုး ဖုန်းဖြင့် မှာယူဝယ်ယူခဲ့ရာ ပစ္စည်းအချို့သာရရှိပြီး အကုန် မရရှိခဲ့မှုအပေါ် ဆိုင်ဘက

          ၁.၇.၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သူ စားသုံးသူတစ်ဦးက မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၊ ဘူတာအနီး၊ မြေနီကုန်းရပ်ကွက်ရှိ မိုတယ်တွင် တည်ခိုးရန် တစ်ယောက်ခန်းတစ်ခန်းစီစဉ်ပေးရန် သွားရောက်ငှားရမ်းခဲ့ရာ တစ်ယောက်ခန်းရရှိ နိုင်သော်လည်း ငှားရမ်းပေးရန် မန်နေဂျာမှ ငြင်းဆိုပြီး ဈေးပိုများသော နှစ်ယောက်ခန်းကိုသာ ငှားရမ်းပေးခြင်း၊ အဆင်ပြေအောင်စီစဉ်ပေးမည်ဟု ပြောဆိုခဲ့ သော်လည်း တည်းခ

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးများသည် အသိပညာပေးဟောပြောပွဲများ၊ ဆောင်ရွက်ရာ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်ခြင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုပါက မေးမြန်းနိုင်သည့် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆိုနိုင်