Languages

ချင်း(ဂျင်း) သီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ချင်း(ဂျင်း)စိုက် ဧရိယာ (၁၉၃၃၃) ဧကရှိပြီး အထွက်နှုန်းပိဿာ (၂၆၀၆.၇၆) ရှိပါသည်။ စုစုပေါင်း အထွက်ပိဿာ (၃၀၃၉၆၄၃၆) ဖြစ်ပါသည်။ ချင်း(ဂျင်း) အများဆုံးစိုက်ပျိုးသော ရှမ်းပြည်နယ်တွင် စိုက်ဧရိယာ (၁၂၇၈၇)ဧကဖြစ်ပြီး ပျမ်းမျှအထွက်နှုန်း (၃၂၉၄.၁၀)ပိဿာ၊ စုစုပေါင်း အထွက်ပိဿာ (၄၂၁၂၁၅၉၇) ထွက်ရှိပါသည်။ ချင်းပြည်နယ်တွင် စိုက်ဧက (၂၄၂၇) ဧကရှိပြီး ဒုတိယအများဆုံးစိုက်ပျိုးသော ပြည်နယ်လည်း ဖြစ်ပါသည်။ ပျမ်းမျှအထွက်နှုန်း (၉၆၀.၄၄) ပိဿာ၊ အထွက်စုစုပေါင်း (၂၃၃၀၉၈၈)ပိဿာ ထွက်ရှိပါသည်။ (၉၃၅) ဧကစိုက်ပျိုးသော မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်းပိဿာ (၂၁၂၇၆၇၅)  ထွက်ရှိပြီး ပျမ်းမျှအထွက်နှုန်းမှာ (၂၂၇၅.၅၉) ပိဿာထွက်ရှိပါသည်။ တတိယ အများဆုံး ချင်း(ဂျင်း)စိုက်ပျိုးသော တိုင်းဒေသကြီးလည်း ဖြစ်ပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          ချင်း(ဂျင်း)တစ်ပိဿာလျှင် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ယခင်တစ်ပတ် (၂၀၀၀) ကျပ်မှ ယခုတစ်ပတ်တွင် (၂၁၀၀)ဖြစ်၍ (၁၀၀) ကျပ် ဈေးတက်ခဲ့ပါသည်။ ယခုတစ်ပတ်တွင် ချင်း(ဂျင်း) စိုက်ပျိုးသည့် ဒေသများဖြစ်သည့် ပင်းတယ၊ ဟဲဟိုးဒေသများ၏ ချင်း(ဂျင်း)အစို တစ်ပိဿာဈေးနှုန်းမှာ အနိမ့်ဆုံး (၂၀၀) ကျပ်မှ အမြင့်ဆုံး (၉၀၀) ကျပ် အထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်၊ ပြည်၊ စစ်တွေ ဒေသများသို့ ကုန်ချိန်ပိဿာ(၇၇၆၀၀)ခန့် တင်ပို့ခဲ့ပါသည်။ ချင်း(ဂျင်း)ခြောက်ဈေးနှုန်းမှာ အောင်ပန်း ပွဲရုံများတွင် တစ်ပိဿာ (၂၀၀၀/၂၃၀၀)ကျပ် ဈေးဖြင့် တပ်ကုန်း၊ ပြည်၊ မုံရွာ ဒေသများသို့ ကုန်ချိန် (၂၄၈၀၀) ခန့် တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပတင်ပို့မှုအခြေအနေ

          ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ချင်း(ဂျင်း)ခြောက်တင်ပို့ မှုမှာ ၁-၁-၂၀၂၁ ရက်နေ့အထိ တန်ချိန် (၁၀၇၀.၂၈၅)၊ တန်ဖိုး (၀.၆၀၆) (USD) သန်း ဖြစ်ပါ သည်။ ယခုတစ်ပတ်တွင် တန်ချိန် (၁၉၉.၀၃၀)၊ တန်ဖိုး (၀.၀၃၅) (USD) သန်း တင်ပို့ခဲ့ပါသည်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ယီမင် နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          မြန်မာနိုင်ငံတွင် ချင်း(ဂျင်း)စိုက်ပျိုးထွက်ရှိမှုအနေဖြင့် တန်ချိန် (၈၂၀၀၀) ကျော်ခန့်ရှိရာ ပြည်တွင်း စားသုံးပြီး ပိုလျှံသည့်တန်ချိန်များကို ပြည်ပသို့ တင်ပို့လျက် ရှိပါသည်။

          ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ၁-၁-၂၀၂၁ ရက်နေ့အထိ ချင်း(ဂျင်း) တန်ချိန် (၁၀၇၀.၂၈၅)၊ တန်ဖိုး (၀.၆၀၆) (USD) သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိပါသည်။ ယခင် ဘဏ္ဍာနှစ် ကာလတူတွင် တန်ချိန် (၈၄၃.၄၈၄) ၊ တန်ဖိုး (၀.၆၁၃) (USD) သန်း တင်ပို့နိုင်ခဲ့သည့်အတွက် ယခင် ဘဏ္ဍာနှစ်ထက်  တန်ချိန် (၂၂၆.၈၀၁) ပိုမို တင်ပို့နိုင်ခဲ့သော်လည်း FOB ဈေးနှုန်းလျော့နည်းခဲ့သဖြင့် တန်ဖိုး (၀.၀၀၇) (USD) သန်း လျော့နည်း ရရှိခဲ့ပါသည်။

          ယခုနှစ် ချင်း(ဂျင်း)စိုက်ရာသီတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေ၍ ပြည်တွင်း ဝယ်လိုအားများ ကျဆင်းနေခြင်းကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

14.1.2021