စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ၁/၂၀၂၁ ကြိမ်မြောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို Zoom Application အသုံးပြု၍ ၅.၁.၂၀၂၁ မှ ၆.၁.၂၀၂၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းပို့ချသူ အရာထမ်းများနှင့် ခရိုင်များမှ သင်တန်းသား / သူ(၁၄)ဦး ၊ လေ့လာသူ(၃) ၊ စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်းက ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်လာစေရန်၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိပြီး လျင်မြန်ချောမွေ့စေရန်၊ မိမိဝန်ထမ်းများအား သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်သည့်အခါတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်ကြစေရန် ညွှန်ကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ၊ ကော်မရှင်ဖွဲ့စည်းခြင်းများ၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အထက်ဌာနညွှန်ကြားချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်းများက စားသုံးသူမိဘပြည်သူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးရာတွင် ထည့်သွင်းပြောကြားရမည့် အချက်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှုနှင့်စပ်လျည်းသည့် ကိစ္စရပ်များ၊ Website နှင့် Mobile Application တွင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန စတင်ပေါ်ပေါက်လာသည့် အကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငံတွင် နှစ်အလိုက် ကျင်းပမှုများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ် အသားနှင့် ပတ်သက်၍ လိုက်နာဆောင် ရွက်ရမည့်အချက်များ၊ သတင်းဌာနခွဲမှ Website တွင် သတင်းလွှင့်တင်ရေးအတွက် သတင်းရေးသားခြင်းကိစ္စရပ်များ၊ အထက်ဌာနညွှန်ကြားချက်များ၊ ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များအား အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး(DOCA)