ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Apr 2024

            (၃)ပတ်တာကျင်းပခဲ့သည့်ဆွမ်ခရမ်ပွဲတော်ကို နိုင်ငံခြားသားခရီးသွား (၁.၉)သန်း လာရောက် လည်ပတ်ခဲ့ကြပီး ခရီးသွားကဏ္ဍမှဝင်ငွေဘတ်(၁၄၀)ဘီလီယံ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန အဆိုအရသိရပါသည်။ ဧပရယ်(၁)ရက် နေ့မှ (၂၁) ရက်နေ့ထိ၂၁ရက်ကြာကျင်းပခဲ့သည့်ပွဲတော်မှ  ဘတ်(၁၄၀) ဘီလီယံ ရရှိခဲ့ခြင်း သည်မူလခန့်မှန်းထားသည့် ဘတ်(၁၃၂) ဘီလီယံ ကိုကျော် လွန်ခဲ့ခြင်း ဖြစ်ကြောင်း ခရီးသွား လာရေးနှင့် အားကစားဝန်ကြီး Sudawan Wangsupakitkosol က ၂၄.၄.၂၀၂၄ ကပြောကြား ခဲ့ပါသည်။ တည်းခိုနေထိုင်ခြင်းကဏ္ဍမှ ဘတ်(၄၂.၀၆)ဘီလီယံ၊ အစားအသောက်နှင့် အဖျော် ယမကာမှ ဘတ်(၃၃.၀၆)ဘီလီယံ၊ လူသု

30 Apr 2024

          သံမဏိနှင့်စက်ယန္တရားများ ကဲ့သို့သော အိန္ဒိယ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့မှု သည် တစ်နှစ်ထက်တစ်နှစ် ၁၀.၇ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၁.၂၈ ဘီလီယံ) အထိ မြင့်တက်ခဲ့သည်။ ပင်လယ်နီကိုဖြတ်၍ တင်ပို့မှုတွင် ပို့ဆောင်ရေးအခက်အခဲကြောင့် ပြဿနာ များဆက်လက်ဖြစ်ပေါ်နေသော်လည်းတင်ပို့မှုများတိုးတက်လာခဲ့သည်။

30 Apr 2024

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ပထမ(၃)လတာ ကာလတွင် ပြည်ပသို့ သီဟိုဠ်စေ့ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ(၅၄၃)သန်းရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်း၏ အစီအရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့စုစုပေါင်းထုတ်လုပ်မှုတန်ချိန်(၄၇၄၀၀၀)ထဲမှ တန်ချိန် (၄၂၄၀၀၀)ကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သီဟိုဠ်စေ့အသင်း ဥက္ကဋ္ဌ က နိုင်ငံတကာစျေးကွက်တွင် ဝယ်လိုအားမြင့်တက်လာခြင်းကျေးဇူးကြောင့် ယခုကဲ့သို့တင်ပို့မှု တန်ဖိုးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ အချို့သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံများမှာ

30 Apr 2024

     ဗီယက်နမ်အစိုးရသည် မြို့တော်ဟနွိုင်းကို တရုတ်နိုင်ငံနှင့်ဆက်သွယ်ရန်အတွက် ၂၀၃၀ ခုနှစ်တွင် ဗီယက်နမ်မြောက်ပိုင်း၌ မြန်နှုန်းမြင့်ရထားလမ်းနှစ်ခုကို တည်ဆောက်ရန် စီစဥ်နေကြောင်း ဧပြီ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအစီအစဥ်သည် သယ်ယူပို့ဆောင်ရေး အားကောင်းစေရန်၊ယာဥ်ကြောပိတ်ဆို့မှုများကို လျှော့ချရန်နှင့်စီးပွားရေးတိုးတက်မှုကို မြင့်တင်ရန် ရည်ရွယ်သည့် မြစ်နီမြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

30 Apr 2024

      မလက္ကာရေလက်ကြား၏ အဓိကပင်လယ်လမ်းကြောင်း‌ပေါ်ရှိ မလေးရှားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းသည် လာမည့်ဆယ်စုနှစ်များအတွင်း ၎င်းတို့၏စွမ်းရည်ကို နှစ်ဆတိုးမြှင့်ရန်စီစဥ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့‌ရေးကွင်းဆက်များပြောင်းလဲလာခြင်း၊ အရှေ့တောင်အာရှ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုများတိုးလာခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံကိုလိုက်၍ ၎င်း၏စွမ်းဆောင်ရည်ကို လာမည့်ဆယ်စုနှစ်များအတွင်း နှစ်ဆတိုးရန် စီစဥ်လျက်ရှိသည်။ မလေးရှားနိုင်ငံ၏ ဆိပ်ကမ်းဖြစ်သော Port Klang မှာ ကမ္ဘာ့ (၁၂) ခု‌မြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး (၂၀၂၁) ခုနှစ်တွင် စွမ်းရည် သတ်မှတ်ချက်အရ

30 Apr 2024

     အယ်နီညိုသက်ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏  ဆန်တင်ပို့မှုကန့်သတ်ချက်များ‌ကြောင့် ၂၀၂၄ခုနှစ်၊ ဒုတိယ(၃)လပတ်ကာလတွင် တစ်ကမ္ဘာလုံး ဆန်စျေးတက်နိုင်သည်ဟု ထိုင်းနိုင်ငံဆန်တင်ပို့သူများက ခန့်မှန်းကြပါသည်။ ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်လာမှုကို တုံ့ပြန်ရန်နှင့် ရာသီဥတုအခြေအနေများကြောင့် ဆန်ပြတ်လပ်မှုဖြစ်ပွားမည်ကို စိုးရိမ်မှုတို့ကြောင့် အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ပြည်ပသို့ ဆန်ဖြူတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ဆန်မွှေးနှင့် ပေါင်းဆန် တင်ပို့မှုတို့ကိုကန့်သတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့ဆန်စျေးသည် (၁၅) ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပါသည်။ ထိုင်းန

29 Apr 2024

       အီတလီနိုင်ငံအခြေစိုက် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ဒူကာတီမော်တာကုမ္ပဏီသည် အာရှတိုက်တွင် ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံ၌ဖွင့်လှစ်ခဲ့ပြီး ၎င်းတို့၏ တင်ပို့မှုအချက်အချာနေရာအဖြစ် အသုံးပြုသွားရန် ရည်ရွယ်လျက်ရှိပါသည်။ ဘတ်သန်းလေးရာရင်းနှီးမြှုပ်နှံထားသည့် အဆိုပါစက်ရုံသည် တစ်နှစ်လျှင် မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀၀၀ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် အရည်အသွေးမြင့်မော်တော်ဆိုင်ကယ်များအတွက် အရေးကြီးသောစျေးကွက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အာရှပစိဖိတ်‌ဒေသသို့တင်ပို့ရာ အခြေစိုက်နေရာအဖြစ် ပြုလုပ်သွားရန်အလိုရှိကြောင်း ဒူကာတီမော်တာကုမ္ပဏီ၏ အလုပ်အမှု ဆောင်အဖွဲ့အကြီးအကဲ Claudio Dome

29 Apr 2024

      ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် EU စိုက်ပျိုးရေးကော်မရှင်နာ Janusz Wojciechowski က ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွား‌ရေးနိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှုတိုးမြှင့်ရန်နှင့် တရုတ်- EU ကုန်သွယ်ရေးတင်းမာမှုများမဖြစ်စေရန်အတွက် အစားစာတင်ပို့မှုကို ထိန်းကျောင်းသွားမည်ဟုပြောကြားခဲ့သည်။ “အစားအသောက်ကုန်သွယ်မှုမှာ တရုတ်သွင်းကုန်အတွက် အတားအဆီးတွေမရှိပါဘူး” ဟု Wojciechowski က တနင်္လာနေ့ ရှန်ဟိုင်းတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

29 Apr 2024

     Elon Musk သည် ယခင်က Twitter ဟုခေါ်သော ၎င်း၏ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်တွေ့ဆုံရန် အိန္ဒိယသို့ သွား‌ရောက်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ Elon Musk သည် မကြာမီတွင် အိန္ဒိယနိုင်ငံအတွင်း၌ အဓိကရင်းနှီးမြုပ်နှံမှုအစီအစဥ်များကိုလည်း စတင်သွားမည်ဟုကြေညာဖွယ်ရှိသည်။

       ပြီးခဲ့သောလတွင် အိန္ဒိယသည်‌ ဒေါ်လာသန်း၅၀၀ (ပေါင်၃၉၉သန်း) ရင်းနှီးမြုပ်နှံခဲ့ပြီး သုံးနှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုကိုစတင်ရန် ကတိပြုသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်သူများအတွက် လျှပ်စစ်ကားများ (EV) တင်သွင်းခွန်ကိုဖြတ်တောက်ခဲ့သည်။

29 Apr 2024

      ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အစိုးရချင်းညှိနှိုင်းမှု စနစ် (G2G) ဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်ဆောင်ရွက်လျက် ရှိသည့်အပြင် အလားတူစနစ်ဖြင့် တရုတ်နိုင်ငံသို့လည်း ဆန်တင်ပို့နိုင်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

29 Apr 2024

     ဖိလစ်ပိုင်နိုင်ငံ၌ ပြည်တွင်းထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် ဖေဖော်ဝါရီလတွင် ခန့်မှန်းခဲ့သော ဆန်တန်ချိန် ၃.၉ သန်းအပေါ် ၅% သို့မဟုတ် နောက်ထပ် တန်ချိန် ၂၀၀၀၀၀ တိုးမြှင့်လျက် စုစုပေါင်း ဆန်တန်ချိန် ၄.၁ သန်းအထိ တင်သွင်းရဖွယ်ရှိသည်ဟု ခန့်မှန်းချက်အရ ဖိလစ်ပိုင် ဈေးကွက်တွင် ထိုင်းဆန်၏ဝေစုရရှိမှုမှာ တိုးတက်လာနိုင်ကြောင်း Thai PBS World သတင်းဌာနက ဖော်ပြပါသည်။

29 Apr 2024



     ပေါင်းဆန်တင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုကို သက်တမ်းတိုးမည့် အိန္ဒိယနိုင်ငံ၏ မူဝါဒသည် ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပေါင်းဆန် အဝယ်အမှာစာများကို ပိုမိုလက်ခံရရှိနိုင် မည့် ထိုင်းဆန်တင်ပို့သူများအတွက် သတင်းကောင်းတစ်ခုဖြစ်နိုင်ကြောင်း ထိုင်းဆန်တင်ပို့ ရောင်း ချသူများအသင်းက ပြောကြားခဲ့သည်။

Pages