Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 May 2025

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုင်ငံရပ်ခြားတွင် ထုတ်လုပ်သည့် ရုပ်ရှင်များအားလုံး အပေါ် ၁၀၀ ရာခိုင်နှုန်းအခွန်စည်းကြပ်မှု စတင်မည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့က ပြောကြားခဲ့ သည်။ သူ၏ Truth Social Platform တွင်လည်း အမေရိက၏ ရုပ်ရှင်လုပ်ငန်းများ လျှင်မြန်စွာ ပျက်စီးနေကြပြီဖြစ်ကြောင်းကို ရေးသားဖော်ပြခဲ့သည်။ အခြားနိုင်ငံများသည် အမေရိကန်မှ ရုပ်ရှင် ရိုက်ကူးသူများနှင့် စတူဒီယိုများအား ဆွဲထုတ်သွားရန်မက်လုံးအမျိုးမျိုးပေး ဆောင်ရွက်လျှက်ရှိ ကြောင်း ဟောလိဝုဒ်နှင့် အခြားနေရာအများအပြားတွင်လည်း ကမောက်ကမများဖြစ်လျှက်ရှိကြောင်း ထရန့်မှထိုအခြေအနေများကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟုခေါ်ဆိုကာ ပြောကြားခဲ့သည်။ ထ

09 May 2025

     အာရှဖွံ့ဖြိုရေးဘဏ် (ADB) သည် အာရှနှင့် ပစိဖိတ်ဒေသတွင် ရေရှည်စားနပ်ရိက္ခာ ဖူလုံစေ ရေးအတွက် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံဖြင့် ထောက်ပံ့ကူညီရန် အစီအစဥ်ရှိကြောင်း မေလ ၃ ရက်နေ့တွင်ကြေညာခဲ့ပြီး စာနပ်ရိက္ခာဖူလုံရေးစီမံချက်များအတွက် စုစုပေါင်းရန်ပုံငွေသည် ၂၀၂၂-၂၀၃၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၄၀ အထိရောက်ရှိရန်ရည်ရွယ်ထားကြောင်းသိရသည်။ အစိုးရနှင့် ကုမ္ပဏီများအတွက် ဘဏ္ဍာငွေနှင့် မူဝါဒဆိုင်ရာ ပံ့ပိုးကူညီမှုမှတစ်ဆင့် အဆိုပါအစီအစဉ် သည် အာရှနှင့် ပစိဖိတ်‌ဒေသတွင် မတူကွဲပြားပြီး အာဟာရ ပြည့်ဝသော အစားစားများထုတ်လုပ်ရန်၊ အလုပ်အကိုင်များ ဖန်တီး‌ပေးရန်၊ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကို လျှော့ချရန်နှင့်ခံနို

09 May 2025

     ကမ္ဘောဒီးယားနိုင်ငံသည် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြုပ်နှံသူများနှင့် ထုတ်လုပ်သူများ ပါဝင်ဆင်နွှဲရန် ကမ္ဘောဒီးယားနိုင်ငံမှ တွန်းအားပေး ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CAEXPO သည် အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်မှုအတွက် အရေးပါသော platform တစ်ခုဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ဖနွမ်းပင်တက္ကသိုလ်၏ နိုင်ငံတက

09 May 2025

     တန်ဇန်းနီးယား ဗဟိုဘဏ်သည် ပြည်တွင်းငွေပေးချေမှုများအတွက် နိုင်ငံခြားငွေအသုံးပြုခြင်း ကို တားမြစ်ထားကြောင်း သောကြာနေ့နှောင်းပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တန်ဇန်းနီး ယားဘဏ် (BoT) သည် ၂၀၂၅ ခုနှစ်တွင် အစိုးရမှ ထုတ်ပြန်ထားသော စည်းမျဉ်းများအရ နိုင်ငံတွင်းရှိ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအားလုံးအတွက် ဈေးနှုန်းနှင့် ငွေပေးချေမှုကို တန်ဇန်းနီးယား ရှီလင်များ ဖြင့် ပြုလုပ်ရမည်ဟု ဆိုသည်။ BoT အုပ်ချုပ်ရေးမှူး Emmanuel Tutuba မှ လက်မှတ်ရေးထိုးခဲ့ သော အဆိုပါထုတ်ပြန်ချက်တွင် စည်းမျဉ်းများသည် နိုင်ငံခြားငွေဖြင့် ဆောင်ရွက်ခွင့်ရှိသည့် အရောင်းအဝယ်များကို သတ်မှတ်ပေးသည်ဟု ဆိုသည်။ ခရီ

09 May 2025

တရုတ်နိုင်ငံယူနန်ပြည်နယ် ကျန်းမာရေးထုတ်ကုန်များဆိုင်ရာအရောင်းမြှင့်တင်ရေး ဆွေးနွေး ပွဲတွင် ဒေသတွင်း ဆေးဝါးခေါင်းဆောင်များ၊ ကျန်းမာရေးလုပ်ငန်းရှင်များ၊ ကျန်းမာရေးထုတ်ကုန် တီထွင်သူများနှင့် ဆေးဘက်ဆိုင်ရာ ပါမောက္ခ ၅၀ ကျော်တို့ကို နယူးယောက် Flushing ၌ စနေနေ့က စုစည်းခဲ့သည်။ Dian Entrepreneurs အထွေထွေအသင်းနှင့် Yunnan Pharmaceutical Circulation Industry Association တို့မှ ပူးတွဲကျင်းပသည့် ညီလာခံတွင် ယူနန်ကျန်းမာရေးထုတ်ကုန်များသည် အမေရိကန်ဈေးကွက်တွင် အရောင်းရဆုံးဖြစ်ကြောင်း ပြသခဲ့သည်။ တရုတ်နိုင်ငံ အနောက်တောင် ပိုင်းတွင် တည်ရှိပြီး ယူနန်ပြည်နယ်သည် စစ်မှန်သော ဆေးဖက်ဝင်အပင်များ ထုတ်လုပ်မှုအတွက် အဓိကအ

09 May 2025

     ကမ္ဘောဒီးယားနှင့် အီရန်နိုင်ငံတို့သည် ရေနံဓာတုဗေဒ၊ နာနိုနည်းပညာ၊ အာကာသ လေ့လာရေး၊ ရေနံချက်စက်ရုံ၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် ရေးတို့တွင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်နှင့် နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းများ ဖွင့်လှစ်နိုင်ခြေကို ဆန်းစစ်ရန် ၂-၅-၂၀၂၅ ရက်နေ့က သဘောတူခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဌ Sun Chanthol သည် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Ali Akbar Nazari ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် ပိုမိုမြင့်မားသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း လာစေရန်

09 May 2025

     လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍတွင် ဦးဆောင်ရပ်တည်နေသော Summit Power ကုမ္ပဏီသည် ၎င်း၏ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ တတိယသုံးလပတ်ကာလအတွက် အမြတ်ငွေများသည် အစိုးရအေဂျင်စီများ၏ စွမ်းအင်ဝယ်ယူမှု သဘောတူညီချက် (PPA) သက်တမ်းမတိုးခြင်း များကြောင့် ၄၃ ရာခိုင်နှုန်းခန့် ရုတ်ရက်ကျဆင်းသွားကြောင်း သိရပါသည်။ ၎င်း၏ ရှယ်ယာတစ်ခု ချင်းဝင်ငွေ (EPS) သည် ယခင်နှစ်တူညီသောကာလနှင့် နှိုင်းယှဥ်ကြည့်လျှင် tk ၀.၆၉ မှ tk ၀.၃၉ အထိ ကျဆင်းသွားကြောင်း ဒါကာစတော့လဲလှယ်‌ရေး (DSE) ၏အဆိုအရ သိရပါသည်။ ပြီးခဲ့သော နောက်ဆုံးလအပါအဝင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ မတ်လအထိ ကိုးလတာကာလအတွင်းကုမ္ပဏီ ၏ EPS သည် ယခင်နှစ်ထက် tk ၁.၄၆ ကျဆင

09 May 2025

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် ပြည်တွင်းတွင်လိုအပ်သောအင်အားထက် တိရိစ္ဆာန် ထောက်ပို့မှုများမြင့်တက်နေခြင်းကြောင့် ယခုလာမည့် Eid-ul-Azha တွင် အမဲတင်သွင်းမှုများ ခွင့်မပြုတော့ကြောင်း ငါးလုပ်ငန်းနှင့် တိရိစ္ဆာန်မွေးမြူရေး အကြံပေး Farida Akhter အဆိုအရ  သိရပါသည်။

 ၎င်းသည် သတင်းစာရှင်းလင်းပွဲ၌ အသားတိုးနွားနှင့် ကျွဲအကောင်ရေ   ၅၆ သိန်းအပါ အဝင် တိရိစ္ဆာန်ပေါင်း ၁.၂၄ ကုဋေခန့် ယခင်နှစ်အတွက် ပူဇော်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ထို့အပြင် Farida က “၎င်းတို့အနေဖြင့် ယခုနှစ်အတွက် အမဲကောင်ရေ ၂၀.၆၈ ကုဋေ ရရှိရန် မျှော်မှန်းကြောင်း” ပြောကြားခဲ့ပါသည်။

09 May 2025

     SM Prime ကုမ္ပဏီသည် Pasay မြို့တွင် ၎င်း၏ဆောင်ရွက်နေဆဲ မြေယာဖော်ယူခြင်း စီမံကိန်းအတွက် ယခုနှစ်တွင် ပီဆို ၂၅ ဘီလီယံခန့် သုံးစွဲတော့မည်ဖြစ်ကြောင်း သိရပါသည်။ SM Prime ၏ ဥက္ကဌ Jeffrey Lim က ကုမ္ပဏီသည် ရေပြင်ညီစတင်မှုနှင့်အတူ သဲလောင်းခြင်းကို ယခုနှစ် အကုန်တွင် အဆုံးသတ်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါ စီမံကိန်းသည် အ‌ဆောက်အအုံလုပ်ငန်းများစတင်ရန် အမြန်ဆုံး အဆုံးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ယခုအခါတွင် အဆိုပါမြေယာဖော်ယူခြင်းစီမံကိန်းကို Pasay 360 ဟုခေါတွင်ပြီး ၎င်းစီမံကိန်းသည် SM Prime ၏အသွင်ကူးပြောင်းပေါင်းစည်ထားသော အိမ်ခြံမြေ ဖွံ့ဖြိးတိုးတက် မှု တစ်ခုဖြစ်ကြေ

09 May 2025

     နိုင်ငံပိုင် ဖိလစ်ပိုင်ဖျော်ဖြေမှုနှင့် ဂိမ်းကော်ပိုရေးရှင်း (PAGCOR) ၏ဝင်‌ငွေများသည် ပထမ သုံးလပတ်ကာလတွင် စွမ်းဆောင်ရည်များအားကောင်းလာသည့်အတွက် ပီဆို ၂၈ ဘီလီယံခန့် ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ PAGCOR ၏ထုတ်ပြန်ချက်များ အရ ယခုနှစ်  ပထမသုံးလပတ်ကာလတွင် ၎င်း၏ ဝင်ငွေများသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်လျှင် ပီဆို ၂၅.၂၄ ဘီလီယံမှ ပီဆို ၂၈.၀၇ ဘီလီယံ အထိ ၁၁.၂ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ၎င်း၏ပထမသုံးလပတ်ကာလဝင်ငွေသည် အစိုးရ ရည်မှန်းထားသော ပီဆို ၂၆.၈၈ ဘီလီယံထက် ၄.၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်း၏ အဓိကဝင်‌ငွေအရင်းအမြစ်များ

09 May 2025

     ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif သည် နိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍတွင် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်ကို အင်္ဂါနေ့တွင်ကြိုဆိုခဲ့ပြီး ၎င်းတို့ အား ပါကစ္စတန်၏ စီးပွားရေးအပေါ် ယုံကြည်မှု၏ အပြုသဘောဆောင်သည့် လက္ခဏာအဖြစ်ဖော်ပြ ခဲ့သည်။ အစ္စလာမာဘတ်မြို့တွင် ကျင်းပသည့် Digital Foreign Direct Investment Forum 2025 တွင်းပြောကြားရာတွင် ပါကစ္စတန်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများနှင့် နှစ်ဖက်လုံးကပြုလုပ်ခဲ့သည့် ကတိကဝတ်များသည် စိတ်ဝင်စားမှုမြင့်တက်လာခြင်းကို ‌‌ဖော်ပြနေကြောင်းပြောကြားခဲ့သည်။ စီးပွားလုပ်ငန်းများ

09 May 2025

     အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း Wardak ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၂.၈ သန်း ကျော်တန်ဖိုးရှိသော မရှိမဖြစ်လိုအပ်သောဖွံ့ဖြိုးရေးစီမံကိန်း ၁၁၆ ခုအား အာဖဂန် ကျေးလက် ပြန်လည်ထူထောင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၁၁၆ ခုကို အာဖဂန်ကျေးလက်ပြန်လည် ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဧပြီ ၃၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ တံတားများတည်ဆောက်ခြင်း၊ ရေမြောင်း များ၊ နံရံများ၊ ဆည်မြောင်းများ၊ ကျေးလက်လမ်းများပါဝင်သည့် စီမံကိန်းများကို ပြည်နယ်၏ Jaghato ခရိုင်တွင် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်‌ဖော်ပြ ထားသည်။ အဆိုပါစီမံကိန်းများသည် ဒ

Pages