စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုကို ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၁ - ၁၉၈၃ ခုနှစ်အထိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) တွင် စက်မှုစွမ်းအား (Mechanical Power) ပညာရပ်ကို သင်ကြားခဲ့ပြီး A.G.T.I (M.P)ကိုလည်းကောင်း၊ ၁၉၈၄-၁၉၈၇ ခုနှစ်ထိ ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွင် သိပ္ပံဘွဲ့(ရူပဗေဒ) ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ပရိုဂျက်ဌာနခွဲ တွင် ပရိုဂျက်အင်ဂျင်နီယာ ပညာရှင်အဆင့်-၃ ရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အမှတ် (၅၆၆) တန် (၅၀) ဆန်စက် လက်ပံတန်းတွင် စက်ရုံမှူးအဖြစ်လည်ကောင်း၊ ၁၉၉၅ ခုနှစ်တွင် အမှတ် (၂၁၂) တန် (၁၀၀) ဆန်စက် ရန်ကုန်တွင် စက်ရုံမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် လက်ပံတန်းမြို့ရှိ တန်(၂၅၀) ဆန်စက် တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းတွင် ပရိုဂျက်အင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ဆက်လက်၍ ၎င်းဆန်စက်တွင် စက်ရုံမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ချီးမြှင့်ခဲ့သည့် စီမံထူးချွန်တံဆိပ် (တတိယအဆင့်)ကို ရရှိခဲ့ပါသည်။ ၂၀၀၀ခုနှစ် တွင် အမှတ် (၂၈၂) တန် ၃၆၀ ဆန်ပြန်လည်ကြိတ်ဖွတ်ရောနှောစက်ရုံ လှိုင်သာယာတွင် စက်ရုံမှူး အဖြစ်လည်းကောင်း၊ ၂၀၀၅ခုနှစ်တွင် နေပြည်တော် ရုံးချုပ်၌ လက်ထောက် အထွေထွေမန်နေဂျာ အဖြစ်လည်းကောင်း၊ ၂၀၁၀ခုနှစ်တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ ပင်မအလုပ်ရုံတွင် အင်ဂျင်နီယာချုပ်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းနောက် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စားသုံးသူရေးရာဦးစီး ရုံးချုပ်(နေပြည်တော်)၌ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၁.၁.၂၀၂၁ ရက်နေ့ မှစတင်၍ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။