မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်နှင့် ချောက်ခရိုင်တို့တွင် ဆန်ဈေးနှုန်းများ အနည်းငယ်တက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ တောင်တွင်းကြီးမြို့တို့တွင် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)အတွင်း၌ စပါးဈေးနှုန်းများမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၈၀၀၀-၃၉၀၀၀)၊ မနောသုခ(၁) တင်းလျှင် ကျပ်(၂၅၀၀၀) ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်ပါ(၁)အိတ်လျှင် ကျပ်(၁၇၃၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၆၇၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၇၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ် (၁၀၀၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၃၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ် (၁၄၂၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၇၂၈၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ် (၇၈၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၇၈၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ် (၁၇၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၂၀၀၀)၊ မနောသုခ ကျပ်(၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၂၀၀၀)၊ ဧရာပဒေသာ ကျပ်(၅၀၀၀)၊ မနောသုခ ကျပ်(၅၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၅၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၂၈၀၀)၊ ဧရာပဒေသာ ကျပ်(၉၀၀၀)၊ မနောသုခ ကျပ်(၅၀၀၀)၊ ရတနာတိုး ကျပ်(၈၀၀၀)ဈေးနှုန်းအသီးသီးမြင့်တက်လာပြီး သင်္ကြန်ကာလအတွင်း မကွေးတိုင်းအတွင်းသို့ ဆန်ဝင်ရောက်မှုနည်းပြီး ၀ယ်ယူသိုလှောင်မှုများသောကြောင့် ဆန်ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန် (၂၂၈၁၇)အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်(၁၀၄၆)အိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်(၇၆၀) အိတ်၊ စုစုပေါင်းဆန် (၂၇၁၂၄)အိတ်၊ (၁၃၅၆.၂)တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)