သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ် ဗိုလ်ချုပ်လမ်း၊ညောင်ပင်ဈေးရပ်ကွက်ရှိ ကုန်စုံဆိုင်များအား (၈.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

26 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၉.၄.၂၀၂၄) ရက်နေ့ ၊နံနက်(၀၉:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ နေခြည်ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

26 Apr 2024

    စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ် အကြီးတန်းစာရေး ဒေါ်လှနှင်းနွယ်သည်(၁၀.၄.၂၀၂၄) ရက်နေ့၊ နံက်(၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

26 Apr 2024

  စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၀.၄.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

25 Apr 2024

    ဧရာဝတီတိုင်းဒေသကြီး၊       မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၁.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

Pages