သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Apr 2024

     ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားအား (၈.၄.၂၀၂၄) မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

25 Apr 2024

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၁.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

25 Apr 2024

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် ပိန်းအင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ အမှုန့်ကြိတ်စက်လုပ်ငန်းရှင်များအား  (၄.၄.၂၀၂၄) နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

25 Apr 2024

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၀.၄.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်  (၃)မိုင်မြို့သစ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show  ပြုလုပ်ခဲ့ပါသည်။

25 Apr 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေသည် (၉.၄.၂၀၂၄) နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် ၊ ဟင်္သာတမြို့၊ လယ်တော်ရပ်ကွက်၊ ကားကြီးဝန်း အတွင်းရှိ ဟင်္သာတ ကုန်စည်ဒိုင်တွင် ကုန်စည်ရောင်းဝယ်မှုအခြေအနေများအား ကုန်စည်ဒိုင် အသင်းသားများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

Pages