မြောက်ပိုင်းခရိုင်၊ မြို့နယ်များအတွင်းရှိ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၃.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေရောင်းချသည့် လက်လီ/ လက်ကားရောင်းချသည့်ဆိုင်များသို့ ပစ္စည်းပြတ်လပ်မှုရှိ/မရှိအခြေအနေများအား ကွင်းဆင်းစုံစမ်း မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွက် ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ “အဲဗား”အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်နှင့် ရတနာတောင်ဆိုင်တို့တွင်လည်းကောင်း၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ “နေလ”အိမ်ဆောက် ပစ္စည်းဆိုင်သို့လည်းကောင်း၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ “ဟိန်းထက်” အိမ်ဆောက်ပစ္စည်း ဆိုင်တို့သို့ ဘိလပ်မြေအမျိုးအစား၊ တစ်အိတ်ရောင်းဈေး၊ မြေပြင်လက်ကျန်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိအခြေအနေများအား စုံစမ်းမေးမြန်း ခဲ့ပါသည်။

DOCA(ရန်ကုန်)