ကန့်ဘလူခရိုင်၏ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံ ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုနှင့်အညီ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း စီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်(အငယ်တန်စားရေး)တို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “ကောင်းသာ KBU” သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၁၄.၃.၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ကျွန်းလှမြို့၊    သစ်ရာမြိုင်ရပ်ကွက်ရှိ “MO” သောက်ရေသန့်လုပ်ငန်းရှင်တို့  နှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းများအနေဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြအတည်ပြုချက်ရယူပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြထားကြာင်း စိစစ်တွေ့ရှိရပြီး၊ အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)