ဆော်ဒီအာရေဗျနိုင်ငံအားမလေးရှားတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဝန်ကြီးချုပ်အန်ဝါးအီဗရာဟင်ကြိုးပမ်း

Powered by Drupal

     ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်‌ရှေ့စံမင်သားနှင့်ဝန်ကြီးချုပ်ဖြစ်သူ မိုဟာမက်ဘင်ဆယ်မန်သည် ယခုနှစ်ကုန်တွင် မလေးရှားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးလာရောက်ရန် ဆန္ဒရှိနေကြောင်း ဆော်ဒီနိုင်ငံသို့သုံးရက်ကြာအလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မလေးရှား ဝန်ကြီးချုပ် အန်ဝါးအီဗရာဟင်က (၂၈.၄.၂.၂၄) ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ ဆော်ဒီနိုင်ငံတွင်ကျင်းပ ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် အထူးအစည်းဝေး တက်ရောက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား၊ မလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါးနှင့် အီဂျစ်၊ ဂျော်ဒန်၊ပါကစ္စတန်တို့မှ ဝန်ကြီးချုပ်များသီးခြား တွေ့ဆုံစဥ်၌ အိမ်ရှေ့မင်းသားက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မစ္စတာအန်ဝါးက ပြောကြားခဲ့ပါ သည်။ မစ္စတာအန်ဝါးက‌ ဆော်ဒီအိမ်ရှေ့မင်းသားယခုနှစ်ကုန်တွင် လာရောက်လည်ပတ်မည် ဖြစ်ပီး ရက်ကို မဆုံးဖြတ်ရသေးကြောင်း၊ ဆော်ဒီနှင့်မလေးရှားနှစ်နိုင်ငံအကြား သဘောတူ ပူးပေါင်းမှုများ ပိုမိုအားကောင်းလာစေရန်အပြင် ဆော်ဒီအိမ်ရှေ့မင်းသားသည် မလေးရှားနိုင်ငံ တွင် အကြီးစားရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဆော်ဒီနိုင်ငံကအာရုံစိုက်နေသည်ဟု ပြောကြား ခဲ့ကြောင်း၊ ဆော်ဒီနိုင်ငံမှဝန်ကြီးများနှင့်ကုမ္ပဏီများကို မလေးရှားနိုင်ငံကိုအာရုံစိုက်လာစေရန် အလိုရှိကြောင်းပြောကြားခဲ့ပါသည်။ မစ္စတာအန်ဝါးသည်အီရတ်၊ရဝမ်ဒါ၊ဂျော်ဒန်၊ ပါကစ္စတန်၊ ကာတာစသည့် အခြားနိုင်ငံများမှခေါင်းဆောင်များနှင့်လည်း နှစ်ဖက်ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးအထူးသဖြင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင်ပိုမိုအားကောင်း လာစေရန် ဖြစ်သည်ဟုသိရပါသည်။ ထို့အပြင်မြောက်များစွာသောနိုင်ငံခြားကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့်အစည်းအဝေး၌လည်း အကျိုးရလဒ်ကောင်းများရရှိခဲ့ပြီး ကုမ္ပဏီများက မလေးရှားနိုင်ငံ တွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီများ ထဲတွင် ပြင်သစ်နိုင်ငံအခြေစိုက်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Total Energies နှင့် ဆော်ဒီနိုင်ငံ အခြေစိုက်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Acwa Power တို့ပါဝင်ကြောင်းသိရပါသည်။

Source;Free Malaysia Today      

DOCA(ရန်ကုန်)