သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေး ( CTQM)သို့ လေ့လာရေးခရီးစဉ်သွားရောက်

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သီးနှံဆိုင်ရာ အရည်အသွေးစမ်းသပ်ခြင်းလုပ်ငန်းစဉ်များ လေ့လာနိုင်‌ရေး လှည်းကူးမြို့ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနစု ( CTQM) သို့ ၁၅.၁၁.၂၀၂၁ ရက်နေ့ ၊ နံနက် ၈ : ၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ အရာထမ်း (၃)ဦးနှင့် အမှုထမ်း (၁၂)ဦး ၊ စုစုပေါင်း (၁၅)ဦးဖြင့် (၁) ရက်တာလေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ပထမဦးစွာ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှု ဌာနစု ၊ဌာနမှူး ဦးသန့်စင်မှ ဌာန၏ နောက်ခံသမိုင်းအကျဉ်းနှင့် ကုန်ပစ္စည်း အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဆီနှင့် ဆီထွက်သီးနှံ ဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်သောအမျိုးအစားများ ၊ သီးနှံ (ဓာတု) ဓာတ်ခွဲခန်းတွင် စမ်းသပ် နိုင်သော အမျိုးအစားများ၊ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်သော အမျိုးအစားများ၊ ပိုးမွှား ဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်သော အမျိုးအစားများ၊ ၊ CTQM တွင် ပို့ချပေးလျှက်ရှိသော သင်တန်းများ၊ မြန်မာ့ သဘာဝရော်ဘာ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ လက်ရှိ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆီနှင့် ဆီထွက် သီးနှံဓာတ်ခွဲခန်းမှူး ၊ ဒေါ်အိအိချောမှ ဆီထွက်သီးနှံများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များ ၊ ဆီနှင့် ဆီထွက်သီးနှံ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး သီးနှံ (ရူပဓာတ်ခွဲခန်း) တွင် စမ်းသပ်နိုင်သော အမျိုးအစားများနှင့်ပတ်သက်၍ ဓာတ်ခွဲခန်းမှူး ဦးအောင်ကျော်မိုးမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လေ့လာရေးအဖွဲ့မှ ဓာတ်ခွဲခန်း (၇)ခုအား အဖွဲ့ (၂)ဖွဲ့ခွဲ၍ လိုက်လံလေ့လာခဲ့ကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

၂၀၂၁-၂၀၂၂ ခုနှစ်၊ သာယာဝတီခရိုင် ၊ဇီးကုန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ဇီးကုန်း မြို့နယ်၊ လယ်မအုပ်စု ၊ လယ်မကျေးရွာ ၊ စိုက်ကွင်းအမှတ် (၃၈၁) ၊ မှော်ဘီ-၃ မျိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း (၆) ဧကရှိသော တောင်သူ ဦးလှသိန်း၏ မိုးစပါး စံကွက်၌ ၁၇.၁၁.၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် မြေစာရင်းဦးစီးဌာန ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ တောင်သူများနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန ၊ဇီးကုန်း မြို့နယ် တာဝန်ခံမှ ပူးပေါင်းပါဝင် တက်‌ရောက်ခဲ့ပါသည်။
မိုးစပါးသွင်းအားစုအနေဖြင့် မှော်ဘီ-၃ မျိုးစပါး ၁တင်းခွဲအိတ် တစ်အိတ်လျှင် ၂၀၀၀ဝိ / ပုလဲမြေဆီ တစ်အိတ်လျှင် ၆၅၀၀ဝိ/ ၁၅ ပတ်လည် မြေဆီတစ်အိတ်လျှင် ၅၅၀၀ဝိ/ စျေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရပြီး ရိတ်သိမ်းထွက်ရှိသော အစိုဓာတ်၂၀ % ရှိ မှော်ဘီ -၃ စပါး ၅၀ ပေါင် စျေးနှုန်း ၆၀၀၀၀၀ ကျပ် ( ၄၆ပေါင် စျေးနှုန်း = ၅၅၂၀၀ဝိ) ရရှိ၍ မျိုးစပါးထုတ်လုပ်ရန်အတွက် အဓိကထားစိုက်ပျိုးပြီး တစ်ဧကလျှင် ပျှမ်းမျှ အထွက်နှုန်း (၁၁၀) တင်းခန့် ထွက်ရှိသော အရည်အသွေးကောင်းစပါးမျိုးဖြစ်ပြီး ရောင်းချရာတွင်လည်း မျိုးစပါးအဖြစ်ရောင်းချရသဖြင့် စျေးကောင်းရရှိကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

၂၆.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၆.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၅.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၅.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၄.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၄.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၃.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၃.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၂.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၂.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၀.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၀.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၉.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၉.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၆.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၆.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ