သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ ၂၆ ရက်နေ့ ၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ Ocean Super center တွင် Consumer Packaging ဖြင့် ရောင်းချနေသော ဆန်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူရေးရာဦးစီးဌာန၏ ခရိုင်တာဝန်ခံမှ (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူများအား Online အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းကို အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များအား ပင်စင်လစာထုတ်ယူသည့် နေ့ရက်တွင် သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက် လျက်ရှိရာ မကွေးမြို့နယ်တွင် ဒုတိယအကြိမ် သက်သာသောစျေးနှုန်းဖြင့် ဆန်/ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား ပင်စင်လစာစတင်ထုတ်ယူသည့် (၂၁.၁၁.၂၀၂၄) ရက်နေ့မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့ရှိ (တိုင်းလုံးချမ်းသာ) ဆီစက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော (ဦးဌေးဝင်း)လုပ်ငန်းရှင်နှင့် (၂၆-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။