သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၅.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီတွင် မြို့နယ်စားသုံးဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ သပြေထွန်းခန်းမ၌ စားသုံးဆီလုပ်ငန်းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးမှ ဦးထွန်းထွန်း (ဒု-ကြီးကြပ်ရေးမှူး)သည် (၁၅.၉.၂၀၂၃)ရက်နေ့ ၊နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့ရှိ ဆေးဆိုင်များအား ကလေးအာဟာရဖြည့်စွက်စာများ ရောင်းချမှုနယ်မြေဈေးကွက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၅.၉.၂၀၂၃) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် မအူပင်မြို့နယ် ကုက္ကိုလ်စုကျေးရွာ မူလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၆.၉.၂၀၂၃) ရက်နေ့ ၊(၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် စက္ကော့ကျေးရွာရှိ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ၁၆ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးရှေ့ တွင် နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။