သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပလီမြို့၊ ဆေးမျိုးစုံရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ တိုင်းရင်းဆေးဝါးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/25.8_1.jpg?itok=U7jOSvrO)
ဂွမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်မာမာလေးသည်(၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဂွမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ၊ မြို့နယ်အဆင့်အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/25.7_1.jpg?itok=n6gCLeHN)
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ မြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်း အင်ဂျင်နီယာ-၄)တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/25.6_1.jpg?itok=doQQjnoa)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၅.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီတွင် မြို့နယ်စားသုံးဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ သပြေထွန်းခန်းမ၌ စားသုံးဆီလုပ်ငန်းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/25.5_2.jpg?itok=Z29OHlvu)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးမှ ဦးထွန်းထွန်း (ဒု-ကြီးကြပ်ရေးမှူး)သည် (၁၅.၉.၂၀၂၃)ရက်နေ့ ၊နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လပွတ္တာမြို့ရှိ ဆေးဆိုင်များအား ကလေးအာဟာရဖြည့်စွက်စာများ ရောင်းချမှုနယ်မြေဈေးကွက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/25.4_1.jpg?itok=9YaqjmUF)