စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၇.၁.၂၀၂၀ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့နှင့် တိရိစ္ဆာန်ဆေးဝါး၊ လုပ်ငန်းသုံးပစ္စည်းကိရိယာထုတ်လုပ်ရောင်းချသူများအသင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များနှင့် လုပ်ငန်းရှင်များ (၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
News & Activitiesများ
လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့တွင် အတွင်းရေးမှုးဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းသည် ပဲခူးတိုင်းဒေသကြီးစပါးဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့တွင် အတွင်းရေးမှူးဖြစ်သည့် ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာနေ ဦးသန်းစိုး၏ ရွှေမြတ်ချယ် ဆန်စက်သို့သွားရောက်ပြီးစပါးဝယ်ယူမှုကိုကြပ်မတ်စစ်ဆေးခဲ့ပါသည်။
၁၆.၁.၂၀၂၀ ရက်နေ့၊ နေ့လည် ၁၁ နာရီတွင် မော်လမြိုင်ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ကုန်စည်ဒိုင်ဖွင့်လှစ်မည့် ရက်စွဲ၊ ဖိတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး ကိစ္စများအား အတည်ပြုခဲ့ကြပြီး တာဝန်ခွဲဝေသတ်မှတ်ခဲ့ကြကြောင်း သိရှိရပါသည်။
၁၅.၁.၂၀၁၂၀ ရက်နေ့ ၀၉:၀၀ နာရီတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများသည် မွန်ပြည်နယ်ချောင်းဆုံမြို့နယ် အထက (ခွဲ)ဒရယ် ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၆၆) ဦးအားလည်းကောင်း၊ ၁၁:၀၀ နာရီတွင် အမက (ဒရယ်) ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၈) ဦးအားလည်းကောင်း စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့သည်။
၁၅.၁.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ခန်းမ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) နှင့် စားသုံးသူ ကာကွယ် ရေးဥပဒေ ပြဌာန်းချက် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သည့် အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြန်မာနိုင်ငံစားသုံးသူသမဂ္ဂအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
၁၄.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖြစ်သော မွန်ပြည်နယ်စားသုံးသူသမဂ္ဂတို့ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ အမှတ် (၁) အောက်ဈေး တွင် စားသောက်ကုန်၊ အလှကုန်များရောင်းချသည့် ဈေးဆိုင်ပေါင်း (၆၀) ခန့်အား ကုန်အညွှန်း အမှတ်အသားညွှန်ကြားချက် (၂/၂၀၁၉) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်၊ ဆိုင်ရှင်များအား သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
၁၃.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျိုက်မရောမြို့နယ် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို အထက (ချောင်းနှစ်ခွ) နှင့် အထက (တောင်ကလေး) ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင် (၆) ဆိုင်အား ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သော ဆေးဝါးများ၊ သုံးစွဲရန် မသင့်ကြေညာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ဆေးဝါးများရောင်းချမှု ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး ချိုးဖောက်မှု မရှိစေရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေးဆွဲဖော်ပြထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဒလမြို့နယ်အတွင်းရှိ ကုန်ပစ္စည်း ထုတ်လုပ်/ ဖြန့်ဖြူး/ ရောင်းချသူများသိရှိ လိုက်နာစေရန်အတွက် အသိပညာပေးဟောပြောပွဲ အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်၊ နံနက် (၉:၀၀) နာရီတွင် ဒလမြို့နယ် အောင်ဇေယျဈေးရှိ ဈေး တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒလမြို့နယ်တာဝန်ခံ
စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘော ထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Public Consultation Workshop for Consumer Protection Rules – Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၅
“မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီအချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။
အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
နေပြည်တော် - သြဂုတ်လ ၁၅
စစ်ကိုင်းခရိုင်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) အစည်းအဝေး ခန်းမ၌ (SDCCI) မှ အလုပ်အမှုဆောင်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ် လ ၃ရက်က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းနှင့် (SDCCI)မှ နာယက၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောက်စိမ်းအချောထည်၊ ဂစ်တာ၊ ရက်ကန်း၊ ကြိမ်ထည်၊ ငွေထည်ကြေးထည် အသင်းများမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမ
၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်ဦးဆောင်သောအဖွဲ့သည် ARISE Plus (ASEAN Regional Integration Support by the European Union) မှ ကျွမ်းကျင်ပညာရှင် Mr. Micheal Ong အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓါတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် (Traceability System on Rice Moisture Measurement in Myanmar) တည်ထောင်ရေးစီမံကိန်း ကို စားသုံးသူရေးရာဦးစီးဌာန၊ သုတေသန်နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ JICA နှင့် Kett Electric Laboratory တို့ပူးပေါင်း၍ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၉ ခုနှစ် ၊ ဇွန် ၂၁
Handbook on ASEAN Consumer Protection Laws and Regulations
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် Telenor Myanmar Limited မှ ဗီယက်နမ်၊ ထိုင်း၊စင်္ကာပူ၊ပါကစ္စတန်၊မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ကမ္ဘောဒီးယား နှင့် ဘင်္ဂလားဒေ့ရှ် စသော အာရှနိုင်ငံ (၉) နိုင်ငံတွင် တယ်လီနောဖြင့် အင်တာနက်အသုံးပြုလိုပါက Pay Go နှုန်းထားကို ယခင်က 1MB လျှင် ၁၄ကျပ်မှ ယခု ၁၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံ မည့် ဝန်ဆောင်ခနှုန်းထားမြှင့်တက်မှုများအား သုံးစွဲသူ(Customer) များသိရှိနိုင်စေရန် အသိပေး ကြော်ငြာအပ်ပါသည်။

















