News & Activitiesများ

Date:

        ၂၃.၁.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူများ သည် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘားအံမြို့နယ်ရှိ မကျီးကျွန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မကျီးကျွန်းကျေးရွာရှိ ပြည်သူ (၆၇) ဉီးတို့အား အသိပညာပေးဟောပြောခြင်းနှင့် ဥပဒေစာအုပ်၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ငရုတ်စိုက်တောင်သူများကို ဈေးကွက်ဈေးနှုန်း ရရှိစေရေးအတွက် အသင်းအဖွဲ့နှင့် အစုအဖွဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ပါသည်။

Date:

       ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊သီးနှံများ ဈေးကွက်ဈေးနှုန်းရရှိရေး ညိှဆွေးနွေးခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဉီးခင်မောင်ဖြူ ၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲပြောင်း၊ နှမ်းအသင်း CEC၊ စီးပွားရေး လုပ်ငန်းရှင်များ၊အသင်းအဖွဲ့များနှင့်တောင်သူများ တက်ရ

Date:

           ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးစက်မှုဇုန် ကော်မတီ အစည်းအဝေးခန်းမ၌ ၂၇-၁-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များနှင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

Date:

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ ချိန်၌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(က-၁၀၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်း၊ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် ကော်မတီဝင်များ၊ စာ

Date:

      ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေဖြူမြို့နယ်ရှိ အ.မ.က(ပုလဲကူ)နှင့် အ.မ.က(ကညင်ကောက်) ကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

Date:

         ဇန်နဝါရီ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သောအစားအသောက်များ၊ သုံးစွဲရန်မသင့်သော အလှကုန်များနှင့် ဘေးဥပဒ်အန္တရာယ်ဖြစ်စေ နိုင်သော ဆေးဝါးများ၊ သုံးစွဲရန်မသင့်ကြေငြာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းကုန် ဆေးဝါးများ

Date:

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် (၂၅-၁-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်သို့ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသားများဘဏ် ဒါရိုက်တာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ လိုက်ပါလာကြပြီး နေလည် (၁၂:၄၅)နာရီအချိန်တွင် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ တဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ဟာကြားမနူးကျေးရွာရှိ ဦးကျဟေး၏ ဘက်စုံစိုက်ပျိုးမွေးမြူရေ

Date:

       ၂၁.၁.၂၀၂၀ရက်နေ့ တွင် သထုံမြို့နယ် မြို့မစျေးအတွင်းရှိ အစားအသောက်/ဆေးဝါး/အလှကုန် ပစ္စည်းဆိုင်များအား FDA ကော်မတီ၀င် ဦးစီးဌာနများနှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သံသယ ရှိသော အစားအစာများအား FDA မှ Mobile Laboratory ဖြင့် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပါသည်။

Date:

       ၂၁.၁.၂၀၂၀ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင်

Date:

         ၂၃.၁.၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင်    ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၌ အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆) ရက်နေ့မှစ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်တော့မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ မုန့်ထုတ်

Date:

       ၂၀.၁.၂၀၂၀ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပဲခူးမြို့နယ် တောင်ပို့တရာကျေးရွာ အမက လွန်ကျောင်းနှင့် ဘူးလယ်အင်းကျေးရွာ အမက လွန်ကျောင်းသို့ သွားရောက်၍ ဆရာ/မ (၁၇) ဉီး၊ ကျောင်းသား/သူ (၃၅၈) ဦး၊ ကျောင်းသားမိဘ (၁၁၅) ဦးကိုစားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

Date:

          ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နောင်တောင်းပရဟိတ တပ်ဦးကျောင်းနှင့် ကျောက်တန်းရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် “ နောင်တောင်းပရဟိတ တပ်ဦးကျောင်း” မှ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုစုပေါင်းအင်အား(၉၂၂)ဦးခန့် တက်ရောက်ခဲ့ကြပြီး “ကျောက်တန်းရွာ အခြေခံ

Date:

       ၂၀၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြိတ်မြို့၊ ကျွန်းစု မြို့နယ်၊ ပထက်ကမ်း အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်း ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Date:

        စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၂.၁.၂၀၂၀ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ဟိုပုံးမြို့ပေါ်ရှိ အ-ထ-က(၁)တွင် လည်းကောင်း၊ နေ့လယ်(၁၃:၀၀) နာရီ အချိန်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာရှိ အထက်တန်းကျောင်းတွင်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲများပြုလုပ်ကျင်းပခဲ့ပါသည်။

Date:

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်သောအဖွဲ့သည် Embasssy of Japan မှ Counsellor ဖြစ်သူ Mr. TAKIMI Kazuyuki ဦးဆောင်သော Myanmar Japan Joint Initiative Business Environment Working Group တာဝန်ရှိသူများအား (၂၈.၁.၂၀၂၀) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

Date:

          ၂၀-၁-၂၀၂၀ ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ရုံးခန်းမှာကျင်းပခဲ့ပါသည်။

Date:

         စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင်၍ ရွှေညောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် ရွှေညောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ၁၉-၁၂-၂၀၁၉ နှင့် ၁၀-၁-၂၀၂၀ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ယင်းသို့ကွင်းဆင်း စစ်ဆေးရာမှ ကုန်အမှတ်တံဆိပ်တွင် ဖော်ပြရန်ပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသော စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား (၂၁-၁-၂၀၂၀) ရက်နေ့၊( အင်္ဂါ ) နေ့၊ နံနက်(၁

Date:

     ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၈)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ထီးလင်းမြို့နယ်တာဝန်ခံ တို့သည် ထီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ မြိုနယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်း (၁၅၆)ဦး တက်ရောက်ခဲ့ပါသည်။

Date:

          ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မကွေးကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

Date:

             ၂၁.၁.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ်ရှိ United Amara Bank ရုံးချုပ်၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ဘဏ်ဝန်ဆောင်မှုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဘဏ်ရုံးချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။