News & Activitiesများ

Date:

    ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့ ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူစားသုံး/သုံးစွဲရန်မသင့်ကြေငြာထားသော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Date:

     တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ ကလေးကစားကွင်းညစျေးတန်း၌ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညစျေးတန်းတာဝန်ခံ တို့နှင့်ပူးပေါင်း၍ စျေးအတွင်းအများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သော အစားအသောက်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Date:

           ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထားဝယ်မြို့၊ တဂူသိမ်စျေး၌ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ တဂူသိမ်စျေးအတွင်း အများပြည်သူ စားသုံး/သုံးစွဲရန်မသင့်သော အစားအသောက် များရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Date:

       ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ ဦးမြင့်ဝေ (ညွှန်ကြားရေးမှူး) ဦးဆောင်သည့်အဖွဲ့အား ARISE Plus Myanmar National အဖွဲ့အစည်း၏   Dr Sylvie Coulon ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ အစားအသောက်လုံခြုံစိတ်ချရမှုနှင့် SPS စည်းမျဉ်းများအား လိုက်နာဆောင်ရွက်ခြင်း အကြောင်းအရာတစ်ခုဖြစ်သည့် sanitary and phytosanitary regulatory ၊ EU ၏ အစားအသောက်လုံခြုံစိတ်ချရမှု စည်းမျဉ်းများနှင့်လိုက်လျောညီထွေဖြစ်စေမည့် အရည်အသွေးသတ်မှတ်မှုနှင့် ထိန်းချ

Date:

     (၁၅.၂.၂၀၂၀) နှင့် (၁၇.၂.၂၀၂၀) ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေကြီးဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ထုတ်လုပ်သောလုပ်ငန်းများ၊ လက်လီလက္ကားရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များ၊ Magway Shopping Mall ၊ ကောင်းမွန်စင်တာ၊ သာလှစတိုး ဆိုင်ကြီးများနှင့် မကွေးမြို့ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား မိမိတို့ တင်သွင်းဖြန့်ဖြူး ရောင်းချသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) တွင် ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာနှင့် မြန်မာဘာသာ တွဲလျက် ဖြစ်စေထည့်သွ

Date:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အောက်တွင် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးကဏ္ဍနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှုများ၊ သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိသော ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနစုဟူ၍ရှိပါသည်။ ယခင်မြန်မာ့လယ်ယာထွက်ကုန် ရောင်းဝယ်ရေး ကော်ပိုရေးရှင်း လက်ထက်တွင် ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချဌာန (Post-Harvest Technology Application Center-PTAC) အဖြစ် မြန်မာ့ဆန်စပါး အရည်အသွေးကဏ္ဍအတွက် အလွန်အရေးပါသော ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းခြင်းအတွက် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

Date:

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်  ညနေ ၂ နာရီတွင် ပြည်နယ်စားသုံးသူရေးရာဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

Date:

(၆.၂.၂၀၂၀)ရက်နေ့၌ ကရင်ပြည်နယ် ဘားအံမြို့တွင် ကရင်ပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနမှတာဝန်ရှိသူများနှင့်  မိတ်ဘက်ဌာနဆိုင်ရာအဖွဲ့များဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းကာ ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာ အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေ သောဆိုင်များမှ စားသောက်ကုန်များကို သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာ တွင်စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များအားရောင်းချနိုင်ရေး ရွေးချယ်ဝယ

Date:

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်သော(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ   တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများသည် ရွှေမော်ဓော စေတီတော်အနောက်ဘက် ယာဉ်ရပ်နားကွင်း၌ ပြုလုပ်သည့်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆိုင်ရာ ပြခန်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိ ပညာပေးပြခန်းကို (၁၁.၂.၂၀၂၀ မှ ၁၂.၂.၂၀၂၀)ရက်‌နေ့အထိဖွင့်လှစ်ပြသဆောင်ရွက်ခဲ့ပါသည်။

Date:

          ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နှင့် မင်းစုရပ်ကွက်အတွင်းရှိ စားသောက်ကုန်များ လက်လီ/ လက္ကား ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများအား  စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

Date:

    ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်မွေးကုဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မစည်ပင်သာယာဈေး စားသုံးသူရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော စုစုပေါင်း အင်အား(၁၃)ဦးပါ ပူးပေါင်းအဖွဲ့ဖြင့် ရေဦးမြို့မ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် လက္ကားကုန်စုံဆိုင်များ၌ ဈေးကွ

Date:

          ၃၁.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရေးမြို့နယ်တာဝန်ခံတို့သည် ရေးမြို့နယ် အထွေထွေအုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ရေးမြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ပါသည်။

Date:

      ဧရာတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ် ၁/၂၀၂၀ အစည်းအဝေးကို ၂၈.၁.၂၀၂၀ ရက်နေ့တွင် ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ ဦးဌေးဝင်း၊ ဒုက္ကဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး တိုင်းဦးစီးမှူး ဦးစိုးအောင်၊ စားသုံးသူရေးရာကော်မတီဝင်များ၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲမှူးများနှင့် ခရိုင်ဦးစီးမှူးများ စုစုပေါင်း (၂၁) ဦးတက်ရောက်ခဲ့ပါသည်။

Date:

        ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ဦးဆောင်ပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဓဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စည်ကားစွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ဆိပ်ခွန်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။

Date:

       ၂၉.၁.၂၀၂၀ ရက်နေ့ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း တို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးအုပ်စု၊ နိဂြောဓာရုံကျောင်းတိုက် ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၆၈) ဦး တက်ရောက်ခဲ့ပါသည်။

Date:

     ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ကျင်းပခဲ့ပါသည်။

Date:

       စားသုံးသူရေးရာဦးစီးဌာန၊   ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ         တာဝန်ရှိသူများသည် (၂၉.၁.၂ဝ၂ဝ) ရက်နေ့ ၌  ရပ်စောက်မြို့၊ အ.ထ.က(၁) ကျောင်းနှင့် အ.ထ.က(ဗထူးတပ်) ကျောင်းများတွင် သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့ပါသည်။

Date:

     ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမတွင် ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝဒေါ်လာဘီလီယံ ကုန်သွယ်မှု အခွင့်အလမ်း စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၉)ရက်နေ့၊ နံနက်(၉:၃ဝ)နာရီအချိန်ကကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။

Date:

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစားစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း ရှင် များအား ၂၄.၁.၂၀၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး (ကျိုင်းတုံ) ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Date:

        ၂၈.၁.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မစျေးအတွင်းရှိ အလှကုန် စားသောက်ကုန်နှင့် ဆေးဆိုင်များအား FDA စားသုံးသူရေးရာဦးစီးဌာန ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စျေးကွက်နမူနာကောက်ယူခြင်းဆောင်ရွက်ခဲ့ပါသည်။ အလှကုန် စားသောက်ကုန်နှင့်ဆေးဆိုင်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးရာတွင် FDA ကတားမြစ်ပိတ်ပင်ထားသည့် အလှကုန် စားသောက်ကုန် အချို့တွေ့ရှိခဲ့ပြီး FDA ဥပဒေဖြင့်သိမ်းဆည်းအရေးယူခြင်း နောက်နောင်တွင် တားမြစ် ကုန်စည်