Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Jun 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် သရက်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင

28 Jun 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့် အဖွဲ့သည် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းဘူးမြို့ပေါ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ဖြစ်သော  “အောင်မြင်သူ” အမှတ်တံဆိပ်  မုန့်လုပ်ငန်းရှင် ဒေါ်အေးအေးဝင်းနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ပါသည်။

28 Jun 2023

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာတွင် ဟောပြောပွဲများ ကျင်းပခြင်းအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။

28 Jun 2023

      နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဖြူးမြို့ရှိ  အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများသို့ တက် ရောက်သည့် ဒေသခံအမျိုးသမီးငယ်များအတွက် သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများက မိမိတို့ဌာနဆိုင်ရာအလိုက် သိသင့်သိထိုက်သည်များကို ဟောပြောကြပါသည်။

28 Jun 2023

    စားသုံးသူရေးရာဦးစီးဌာန၊   မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းကျေးရွာအတွင်းရှိ  မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages