နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဖြူးမြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများသို့ တက် ရောက်သည့် ဒေသခံအမျိုးသမီးငယ်များအတွက် သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများက မိမိတို့ဌာနဆိုင်ရာအလိုက် သိသင့်သိထိုက်သည်များကို ဟောပြောကြပါသည်။
၂၀၂၃ခုနှစ်၊ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အဆင့်မြင့်အိမ်တွင်း မှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆)သို့ တက်ရောက်သည့် သင်တန်းသူများအား ဌာနဆိုင်ရာများ အလိုက် အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားပြီးဖြစ်ရာ ကုန်စည်များဝယ်ယူ ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်ပုံများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနက ဖွင့်လှစ်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင် ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များတွင် တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါ သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ရှောင်လေဝေးဝေးမူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးခန်းမှူး ဒေါ်ဝင်းဝင်းအေးက တိုင်းရင်းဆေးဆိုင်ရာအကြောင်းနှင့် အမျိုးသမီးများ ကျန်းမာရေးအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းအုပ်ကြီး နှင့်နည်းပြဆရာမ ၁၃ ဦး၊ သင်တန်းသူ ၃၅ ဦး စုစုပေါင်း ၄၈ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)