Main menu

တောင်ငူခရိုင် ဖြူးမြို့တွင် Talk Show အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာတွင် ဟောပြောပွဲများ ကျင်းပခြင်းအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ ၂၀၂၃ခုနှစ်၊ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

     မြို့နယ်တာဝန်ခံသည် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဦးစီးဌာနက စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်အတွင်း ကွင်းဆင်းစောင့်ကြည့်စစ်ဆေးသည့်အခြေအနေများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေမည့် ကုန်စည်များကိုတွေ့ရှိပါက အရေးယူဆောင်ရွက်နိုင် မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)