ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပေါက်ပေါက်ဆုတ် ဈေးနှုန်း

  ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရေဦးမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် ပေါက်ပေါက်ဆုတ်များ စတင်ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင်  ပေါက်ပေါက်ဆုတ် ဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်၊ (၅၀)ကျပ်သား လျှင်(၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)