ရှမ်းစုကျေးရွာတွင် ပြောင်းချို စိုက်ပျိုး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း ပြောင်းချိုပင်ကို စိုက်ပျိုးကြပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ စထုတ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၆၀၀)ကျပ် နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တွက်ခြေ ကိုက်ကာ အကျိုးအမြတ်များသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ပြောင်းချိုပင်စိုက်ပျိုးသည့်တောင်သူထံမှ သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)

















