ကုန်စုံဆိုင်များ၌ ရောင်းချနေသော ကြံသကာ၊ ထန်းလျက်၊ မြေပဲယို၊ နှမ်းယိုနှင့် ဇီးတော်ဖီ
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ မြန်မာ့ရိုးရာမုန့်များတွင် ထန်လျက်ကို ထည့်သွင်း အသုံးပြုနေသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီး ထန်းလျက် တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ရိုးရိုးထန်းလျက် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၇၀၀ကျပ် ၊ (၅၀) ကျပ်သားလျှင် ၃၄၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်း မှာ(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်းမှာ(၁)ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ဇီးတော်ဖီကို ဇီးသီးမှုန့်၊ ထန်းလျက်၊ သကြားစသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် ချဉ်ချိုအရသာပြီး လူကြီးလူ ငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)

















