ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှိုဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိရာ ယခုအခါ တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုများ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

  ကောက်ရိုးမှိုသည် စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ် ဘောင်လျှင်(၁၀)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း  ကောက်ရိုး မှို(၁)ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ်၊ လက်ကားဈေး(၁၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ရောင်းချရသောကြောင့် စိုက်ပျိုးရောင်းချသူများအနေဖြင့် ထိုက်သင့်သည့်အကျိုး အမြတ်များရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)