ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော သစ်သီးဈေးကွက်

၂၀၂၅ ခုနှစ် ၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ဒေသထွက် ငှက်ပျောသီး ဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖီကြမ်းသီး အလုံးလှ(၁)ဖီးလျှင် ၂၃၀၀ကျပ်၊ အလုံးအသေး(၁)ဖီးလျှင် ၁၈၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးအလုံး(၁)ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ (၂၅)ကျပ်သားလျှင် ၅၀၀၀ကျပ်၊ စပျစ်သီး အချွန်း(၁)ပိဿာလျှင် ၁၉၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ပန်းသစ်တော်သီး(၄)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ၃၀၀၀ကျပ်နှင့် အလုံးသေးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ပန်းသီးအလုံးကြီး(၁)လုံးလျှင် ၃၀၀၀ကျပ်၊ ပန်းသီးအလုံးသေး( ၄ )လုံးလျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အလုံးအကြီးအသေးပေါ်မူတည်၍ ဖရဲသီးအလုံးကြီး(၁)လုံးလျှင် ၅၀၀၀ကျပ်၊ ဖရဲသီးအသေး(၁)လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီး (၂၅)ကျပ်သားလျှင် ၅၂၀၀ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် ၂၀၅၀၀ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ သခွားမွှေးအလုံးကြီး(၁) လုံးလျှင် ၄၅၀၀ကျပ်၊ သခွားမွှေးအသေး(၁)လုံးလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။ 

DOCA(စစ်ကိုင်း)