ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သပြေပန်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင့် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်သည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဧပြီလ စတုထ္ထပတ်အတွင်း သပြေပန်းအခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်းအငုတ်ကြီး(၁)ငုတ်လျှင်(၃၅၀၀/၄၀၀၀)ကျပ် နှင့် သပြေပန်းအငုတ်သေး(၁)ငုတ်လျှင် (၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိ ကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA(စစ်ကိုင်း)