ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဘိလပ်စေ့သီးနှံဈေးနှုန်း
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက် စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၃၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင်(၆၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ဘိလပ်စေ့(၁)တင်းလျှင် (၅၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ဘိလပ်စေ့များကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင် များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA (စစ်ကိုင်း)

















