ဆိပ်ဖြူမြို့၌ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၅.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး တွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းကို မိတ်ဖက်ဌာနများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ဆိပ်ဖြူမြို့ပေါ်ရှိ “ကိုဦး” Mini Mart  စတိုးတွင် ရောင်းချနေသည့် ကလေးအာဟာရဖြည့် စွက်စာအမျိုးမျိုးတွင် သက်တမ်းကုန်ရက်စွဲ၊ ပါဝင်ပစ္စည်းများအပြင် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထား ရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ Dumex Dupro အမှတ် တံဆိပ်ကလေးဖော်စပ်စာ (၂၅၀)ဂရမ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံ ချက်များပါဝင်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်ကြောင်းစစ်ဆေးတွေ့ရှိပါသည်။ မြို့နယ် တာဝန်ခံမှ ဆိုင်ပိုင်ရှင်အား ကလေးအာဟာရဖြည့်စွက်စာနှင့်စပ်လျဉ်း၍ တရားမဝင် ကုန်စည်များကို ရောင်းချခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသာ ဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်  ပါဝင်သော ကုန်စည်များကို ဦးစားပေးရောင်းချရန်နှင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စာသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)