ဆိပ်ဖြူမြို့၊အနောက်ပိုင်းရပ်ကွက်ရှိ “ကြည်သာ” သောက်ရေသန့် စက်ရုံအားသွားရောက်အသိပညာပေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေ ရေးအတွက် (၁၉.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင်ဆိပ် ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်ရှိ “ကြည်သာ” သောက်ရေသန့်စက်ရုံသို့သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
မြို့နယ်တာဝန်ခံက “ကြည်သာ” သောက်ရေသန့်လုပ်ငန်းရှင်အား ကုန်စည်ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသော ကုန်စည်များ ထုတ်လုပ်ရန်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြရန်၊ ဈေးကွက်အတွင်းမရောင်းချမီ ရေသန့်ဗူးခွံများကို သန့်စင်အောင် ပြုလုပ်ရန်ဆွေးနွေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အသိပညာပေး ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

















