အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်ပွဲသို့ တက်ရောက်ခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့အမျိုး သမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ “အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင် တန်း အမှတ်စဉ် (၁၃)” ဖွင့်လှစ်ခဲ့ရာပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကိုယ်စား ဒု-ခရိုင် ဦးစီးမှူး ဒေါ်ကြည်ကြည်စိုး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သိကောင်း စရာများကိုပြောကြားခဲ့ရာ (၅)လအတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရေး၊ ကျေးလက်နေ မိသားစုများဝင်ငွေတိုးစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည် ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။   

 အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၃)ကို (၁၉.၁၀.၂၀၂၆ မှ ၁၈.၁၀.၂၀၂၆ ထိ)(၅)လ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသူ (၃၀)ဦးတက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် (၁)ဦးကို ထောက်ပံ့ပစ္စည်း (၃၈)မျိုးပေးမည်ဖြစ်ကြောင်း၊ စက်ချုပ်သင်ခန်းစာ(၂၀)မျိုး၊ လက်မှု ဘာသာ(၆)မျိုးနှင့် မုန့်လုပ်နည်း(၅)မျိုး သင်ကြားပေးမည်ဖြစ်ကြောင်း၊ နည်းပညာရပ်များကို ကိုယ် ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ စာတွေ့၊လက်တွေ့သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရှိရပါ သည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် ယခင်သင်တန်းသူများကိုယ်တိုင် ချုပ်/ထိုးထားသည့် တစ်ဘက်၊ အမျိုးသမီးဝတ်အင်္ကျီချုပ်ပုံ ဒီဇိုင်းမျိုးစုံ၊ စကတ်အမျိုးမျိုးနှင့် ဘောင်းဘီ တို/ရှည် တို့ကို ပြသခဲ့ရာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)